ဇာတ်ကားများ ရွေးရန်

Terrorizers

1986ဇာတ်ကားအမှတ် 7.4/10109 မိနစ်

Terrorizers (1986) IMDb Rating (7.7) / Rotten Tomatoes (86%) အတ်ဒ်ဝတ်ယန်းရဲ့ Terrorizersက ထိုင်ဝမ်နယူးဝေ့စီနီမာရဲ့ ကနဦးကားတွေထဲက တစ်ကားပါပဲ။ ယန်းရဲ့ တတိယမြောက်ကားလည်း ဟုတ်တယ်။ A Brighter Summer Dayမတိုင်ခင် တိုင်ပေစတိုရီအပြီးရိုက်တဲ့ကားပေါ့။ ယန်းက သူ့ကနဦးရုပ်ရှင်တွေမှာကတည်းက ကာရိုက်တာကို ကစားပေမဲ့ နောက်ပိုင်းကားတွေလောက်တော့ ကာရိုက်တာပုံဖော်ဟန်က မကြွရွသေးဘူးလို့ မြင်ရတယ်။ ဒီTerrorizersမှာတော့ ဇာတ်အိမ်ကလည်း တစ်ထောင့်တစ်နေရာက အခရာဖြစ်နေတုန်းပဲ။ ဆိုပေမဲ့လို့ သူ့ရဲ့ထိုင်ပေလူနေမှုကို ပြတဲ့ဟန်ကတော့ မပြောင်းသွားဘူး။ ဒီမှာလည်း ထိုင်ပေက လူတွေရဲ့ အခြေအနေကို ပြတာပဲ။ ဒါပေမဲ့ ဒီမှာက ဇာတ်လမ်းထဲမှာကိုက ဖစ်ရှင်နဲ့လက်တွေ့ ဝေဝါးသလို သူ့ပြသဟန်နဲ့ ပြချင်တဲ့အရာကလည်း ဖစ်ရှင်နဲ့ လက်တွေ့ဝေဝါးတယ်။ ဒီထဲမှာ ဓာတ်ပုံဆရာ၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်၊ စာရေးဆရာမ၊ ရဲ၊ ဆရာဝန်စတဲ့လူတွေပါတယ်။ ဒီလူတွေထဲက တစ်ချို့လူတွေက တစ်ချို့လူတွေရဲ့ဘဝနဲ့ဘာမှမဆိုင်ဘူး။ အားလုံးကို ဆိုင်သွားစေတဲ့အရာက နောက်ပြောင်ပြီး ဖုန်းခေါ်လိုက်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုပဲ။ အဲဒီဖုန်းခေါ်ဆိုမှုကလည်း အကြမ်းဖက်မှုတစ်ခုကနေ ဆင့်ပွားလာတယ် ပြောရမယ်။ File size… (4.5 GB) / (2.6 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Mystery,Thriller Duration…. 01:49:55 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း