ဇာတ်ကားများ ရွေးရန်

3 Hajat

2025ဇာတ်ကားအမှတ် 7.1/1088 မိနစ်

3 Hajat (2025) IMDb Rating (7.1) တော်ဖစ်ဟာ ရုန်းကန်ကြိုးစားနေဆဲ တက်သစ်စ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့အဆင်မပြေမှုတွေကြောင့် စိတ်တွေလေနေပါတယ်။ အဲ့ဒီချိန်မှာ တပူပေါ်နှစ်ပူဆင့်စေတာကတော့ သူသိပ်မုန်းတဲ့သူ့အဖေ ထောင်နှစ်ရှည်ကျနေရာက ပြန်လွတ်လာလို့ပါပဲ။ သူ့မှတ်ဉာဏ်ထဲမှာ သူ့အဖေဟာ သူ့မိခင်ကိုနှိပ်စက်သူ၊ မိခင်ရဲ့မောင် ဦးလေးကိုသတ်ခဲ့တဲ့လူသတ်သမား၊ သူတို့မိသားစု ပြိုကွဲရတဲ့ အကြောင်းရင်းခံအဖြစ် အဆိုးတွေချည်းသာရှိနေခဲ့ရုံမက အခုချိန်ထိလည်း အမုန်းတွေဖြေဖျောက်လို့မရသေးဘူးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ငယ်သူငယ်ချင်းတစ်ချို့ရဲ့အသိပေးမှုအရ သူ့အဖေဟာ နေရမယ့်ရက်တွေသိပ်မကျန်တော့ဘူးဆိုတာ သိရတဲ့နောက် ပင်ကိုစိတ်အရင်းခံမဆိုးလှတဲ့သူဟာ အဖေကို တွေ့ဖို့ရွာပြန်ရောက်ခဲ့ပါတော့တယ်။ သူ့ဖခင်ဟာ သူ့မှတ်ဉာဏ်ထဲမှာစွဲနေခဲ့တဲ့ လူဆိုးကြီးတစ်ယောက်ပဲလား? သူ့ကိုတွေ့ချင်နေတဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ? အစရှိတာတွေကို လှလှပပ ပြေပြေပြစ်ပြစ် တင်ဆက်ထားတဲ့၊ စိတ်နှလုံးကိုနွေးထွေးစေမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size… (1 GB) / (550 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:24:57 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း