ဇာတ်ကားများ ရွေးရန်

After the Quake

2025ဇာတ်ကားအမှတ် 7.7/10132 မိနစ်

After The Quake (2025) ဒီတစ်ခါမှာတော့ ဂျပန်ဇာတ်ကားဆန်းဆန်းပြားပြားလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် Netflix က အသစ်ထွက်ရှိထားတဲ့ဇာတ်ကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်နော် .. ကိုဘဲမြို့မှာ ကြီးမားတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားပြီးနောက်မှာ သေဆုံးသူတွေလည်း များပြားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားခဲ့ပါတယ်။ ဒီလိုငလျင်ကြီးဖြစ်ရတဲ့အကြောင်းကတော့ လူသားတွေရဲ့ သောကနဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို စားသောက်ပြီး ရှင်သန်တဲ့ "မီမီဇုခွန်း"ဆိုတဲ့ မြေအောက်သတ္တဝါကြီး ပြန်နိုးထလာလို့ပဲ ဖြစ်ပါတယ်။ ခါတာဂိရိဆိုသူဟာ သူ့ကိုယ်သူတော့ သာမန်လူအဖြစ်နဲ့ သတ်မှတ်ထားခဲ့ပေမဲ့ သူ့အနားပတ်ဝန်းကျင်ကလူတိုင်းကတော့ သူဟာ နတ်ဘုရားသားတော်ဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ခါတာဂိရိဆီကို ဖားကြီးတစ်ကောင်ရောက်လာပြီး တိုကျိုမြို့ကြီး ငလျင်ဘေးဒဏ်မခံရဖို့ သူ့ကိုကူညီပြီးတော့ မြေအောက်မှာရှိတဲ့ သတ္တဝါကြီးကို ကူညီတိုက်ခိုက်ပေးဖို့ အကူအညီတောင်းခံလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ခါတာဂိရိတစ်ယောက် ဖားကြီးနဲ့ပေါင်းပြီး တိုကျိုမြို့ကြီး ငလျင်ဘေးဒဏ်မခံရဖို့ ဘယ်လို လုပ်ဆောင်သွားမလဲ .. ဒီဇာတ်ကားထဲမှာတော့ ၁၉၉၅ ခုနှစ်နဲ့ ၂၀၂၅ ဆိုတဲ့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းပြီး လူသားတွေရဲ့ ပူဆွေးမှု၊ ရှာဖွေမှုနဲ့ မျှော်လင့်ချက်တွေကို ကြည့်ရှုရမဲ့အပြင် ....... ကိုဘဲငလျင်ကြောင့် စိတ်ဒဏ်ရာရသွားတဲ့ သူတွေရဲ့ ခံစားချက်တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ် .. File size…2.04GB / 922MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 12 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း