ဇာတ်ကားများ ရွေးရန်

Ordinary People (or) The Villagers

2018ဇာတ်ကားအမှတ် 7.5/1099 မိနစ်

Ordinary People (2018) IMDb Rating (7.4) မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ဇာတ်ကောင်တွေမှာ ပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်း လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။ သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။ အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီး နှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေသလဲဆိုတာကို ဖော်ထုတ်သွားကြမဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် Kim Sae-ron လေးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြည့်ကြပါဦးနော်။ File Size : 1.85GB/ 720MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…1hr 40m Genre : Action, Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း