The Secret Agent
The Secret Agent (2025) IMDb Rating (7.9) / Rotten Tomatoes (98%) အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။ ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။ သူ ဘာလို့ လာတာလဲ? ဘယ်သူမှ မသိဘူး။ ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။ ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။ တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။ လူသ-တ်မှုတွေကလည်း နေရာအနှံ့ပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အသ-တ်ခံရတာရှိသလို၊ လမ်းဘေး ရာဇဝတ်မှုတွေကြောင့် သေတာလည်း ရှိတယ်။ အဆိုးဆုံးကတော့ လူသ-တ်သမားတွေဟာ တစ်ဖက်သားကို သ-တ်ပြီးရင် ဘာမှမဖြစ်သလိုပဲ ညစာကောင်းကောင်းစား၊ အိပ်ရာဝင်နိုင်လောက်အောင် ယဉ်ပါးနေကြတဲ့ လောကကြီးတစ်ခုအဖြစ် ပုံဖော်ထားတာပါ။ အဲဒီလောကကြီးထဲမှာမှ အတိတ်ဆိုးတစ်ခုနဲ့လူတစ်ယောက်က သူ့သားလေးနဲ့ ဇာတ်မြှပ်ပြီးပြန်နေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ကြေးစားနှစ်ယောက်က နောက်ကလိုက်လာပြီး လုပ်ကြံတဲ့အကြောင်းကို သမိုင်းနောက်ခံနဲ့ အခြား ဇာတ်ကောင်အပြိုင်ဘဝတွေနဲ့ အနုပညာမြောက်မြောက် ပုံဖော်ထားပါတယ်။ တချို့ဝေဖန်သူတွေက ဒီကားကို ဟိုတစ်စ ဒီတစ်စနဲ့ ဖန့်တီးလွန်းတယ်လို့ ဆိုကြပါတယ်။ ဥပမာ - ငါးမန်းဗိုက်ထဲက တွေ့တဲ့ ခြေထောက်တစ်ဖက်ကနေ သရဲပြန်ခြောက်တဲ့ အခန်းမျိုးပေါ့။ ဒါပေမဲ့ ဒါတွေက ဇာတ်လမ်းအစစ်အတိုင်း ယူဆရတာမဟုတ်ဘဲ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာမျိုးတွေပါပါတယ်။ ဒါရိုက်တာ Kleber ဟာ Bacurau နဲ့ Aquarius တို့လို ကမ္ဘာကျော်ဇာတ်ကားတွေကို ဖန်တီးခဲ့သူဖြစ်လို့ ဒီကားမှာလည်း ရုပ်ရှင်အနုပညာ အသားပေး ရိုက်ချက်တွေကို မြင်တွေ့ရမှာပါ။ The Secret Agent ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးနဲ့ အထူးခြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ကြည့်လေလေ နက်နဲလေလေ ဖြစ်နေတဲ့ ဇာတ်ကားမျိုးပါ။ အဆုံးသတ်ကတော့ ကြည့်တဲ့သူကို တစ်ကမ္ဘာလုံးကနေ ခွဲထုတ်ပြီး တခြားတစ်နေရာကို ခေါ်သွားသလို ခံစားရပါလိမ့်မယ်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့ အငွေ့အသက်တွေကို ရုပ်ရှင်အနုပညာနဲ့ ပေါင်းစပ်ပြီး အတွေ့အကြုံသစ်တစ်ခု ရချင်တယ်ဆိုရင်တော့ ဒီကားကို မဖြစ်မနေ ကြည့်သင့်ပါတယ်။ File size… (11 GB) / (3.7 GB) / (1.6 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Mystery, Thriller Duration…. 02:41:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း