Fall
တောင်တက်သမား ကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်ရင်း ခင်ပွန်းဖြစ်သူ ပြုတ်ကျဆုံးပါးသွားတဲ့နောက် စိတ်ဓာတ်ကျနေပါတယ်။ အရက်သောက်ပြီး အခန်းထဲမှာပဲ အောင်းနေတဲ့သူ့ကို အချစ်ဆုံးသူငယ်ချင်းက စိတ်ပြေလက်ပျောက်ဖြစ်အောင် အမြင့်တစ်ခု အတူတက်ဖို့ လာခေါ်တယ်။ သူတို့တက်မယ့်နေရာက ပေ ၂၀၀၀ လောက် မြင့်တဲ့ တီဗီတာဝါတစ်ခုပါ။ အစပိုင်းမှာ သံဘောင်တွေ ကာထားတဲ့ အတွင်းလှေကားကနေ တက်ရပေမယ့် ထိပ်ဆုံးတစ်ဆင့်မှာတော့ အကာအကွယ်မရှိတဲ့ လှေကားကို ဆက်တက်ရပါတယ်။ နှစ်ယောက်သား အခက်အခဲကြားက ထိပ်ကိုရောက်အောင် တက်ပြီး ဓာတ်ပုံတွေ ရိုက်ကြတယ်။ ပြန်ဆင်းမယ့်အချိန်ကျမှ သံလှေကားဟောင်းကြီး ကျွတ်ကျသွားတော့တာပါ။ တာဝါထိပ်မှာ ပိတ်မိသွားတဲ့ သူတို့နှစ်ယောက်အတွက် အောက်ပြန်ဆင်းဖို့ လမ်းမရှိတော့ဘူး။ ပတ်ဝန်းကျင်မှာ လူမရှိ၊ လာကယ်မယ့်သူမရှိတဲ့အပြင် ဖုန်းလိုင်းလည်း မမိပါဘူး။ ဒီအမြင့်ကြီးပေါ်ကနေ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုနည်းတွေ ကြံစည်ပြီး စွန့်စားကြရမလဲ။
ဇာတ်လမ်းအကြောင်း