ဇာတ်ကားများ ရွေးရန်

Hansan: Rising Dragon

2022ဇာတ်ကားအမှတ် 7.0/10130 မိနစ်4K

ဂျပန်ကျူးကျော်စစ်ကို ရင်ဆိုင်ခဲ့တဲ့ ဂျိုဆွန်းရေတပ်စစ်သူကြီး လီဆွန်းရှင်းဟာ စစ်ပရိယာယ်ကြွယ်ဝတဲ့ နည်းဗျူဟာမှူးအဖြစ် ထင်ရှားသူပါ။ Hansan: Rising Dragon က သူ ဦးဆောင်ခဲ့တဲ့ သမိုင်းဝင် ဟာဆန်းဒိုတိုက်ပွဲကို အခြေခံပြီး ပင်လယ်ပြင်မှာ ဂျပန်ရေတပ်ကို ဘယ်လိုဗျူဟာတွေနဲ့ ရင်ဆိုင်ခဲ့သလဲဆိုတာ ပုံဖော်ထားပါတယ်။ တိုက်ပွဲအတွင်း ကိုရီးယားရဲ့ လိပ်သင်္ဘောတွေ ဘယ်လိုအရေးပါခဲ့သလဲဆိုတာနဲ့အတူ နိုင်ငံရေး၊ စစ်ရေး လှည့်ကွက်တွေလည်း ပါဝင်တယ်။ The Admiral: Roaring Current နဲ့ War of the Arrows တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Han-min ရဲ့ လက်ရာဖြစ်ပါတယ်။ လီဆွန်းရှင်းအဖြစ် Park Hae Il က သရုပ်ဆောင်ထားပြီး Kim Hyung Gi၊ Byun Yo Han၊ Taec Yeon နဲ့ Gong Myung တို့လည်း တွဲဖက်ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း