Northern Limit Line
Northern Limit Line (2015) IMDb Rating (6.7) ဒီရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်တွေကိုအခြေခံပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်တွေထဲကမှ War/ Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ရင်နင့်စရာဖြစ်ရပ်မှန်ကိုအခြေခံကာ အသက်ပေးသွားတဲ့ ရေတပ်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်မှာ တောင်ကိုရီးယားက ဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းသွားနိုင်တဲ့အချိန် တူရကီအသင်းနဲ့ နှစ်သိမ့်ပွဲကန်ရမယ့် ဇွန်လ ၂၅ ရက်နေ့မှာ ဒီကြမ္မာငင်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ... ၁၉၈၈ ခုနှစ် အိုလံပစ်ပွဲမတိုင်ခင်မှာ မြောက်ကိုရီးယားဘက်ကနေ လေယာဉ်ဖောက်ခွဲမှုပြုလုပ်ခဲ့ဖူးတာကြောင့် ကမ္ဘာ့ဖလားပွဲကိုလည်း အန္တရာယ်ကင်းကင်းနဲ့ကျင်းပနိုင်ဖို့အတွက် ယာလူးမြစ်ကို အခြေခံပြီး ပိုင်းခြားထားတဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) ကို ကျော်ဖြတ်လာနိုင်တဲ့ ရန်သူလက်ကနေ ကိုရီးယားရေပိုင်နက်ကို စောင့်ကြပ်နေတဲ့ ကင်းလှည့်ရေယာဉ်ပေါင်းများစွာထဲက အမှတ် ၃၅၇ ကင်းလှည့်သင်္ဘောပေါ်ရှိ ရေတပ်သားများဖြစ်ကြတဲ့ တပ်မှူး ယွန်းယောင်းဟာ၊ ဒုတပ်မှူး အီဟီးဝန်၊ ပဲ့ထိန်း အရာခံဗိုလ် ဟန်ဆန်းဂု၊ တပ်ကြပ် ဂွမ်ဂီဟျွန်း၊ ဆေးမှူး ဘတ်ဒုံဟျော့အပြင် ၂၂ ဦးသော ရေတပ်သားတို့ဟာ မြောက်ကိုရီးယားရဲ့ ဗျူဟာကျအစီအစဉ်အောက်မှာ "တစ်ဖက်မှ စတင်မပစ်ခတ်လျှင် လုံးဝမပစ်ခတ်ရ" ဆိုတဲ့ ချမှတ်ပြီးသား စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကို လိုက်နာရင်း အသက်မပေးသင့်ဘဲ ပေးသွားကြရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ပြီးတဲ့နောက် အစိုးရမှ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့အတွက် စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်တွေကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့သူတွေရဲ့ ရင်တွင်းဖြစ်စကားတွေနဲ့ ဆုံးပါးသွားတဲ့ ရေတပ်သားတွေရဲ့ ဓာတ်ပုံတွေကိုပါ ရုပ်ရှင်နောက်ဆုံးမှာ ပြသထားတဲ့အတွက် တောင်ကိုရီးယားရဲ့ ရင်နင့်စရာဖြစ်ရပ်တစ်ခုကို အတူလိုက်ပါခံစားနိုင်မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း Thriller ရုပ်ရှင်တွေနဲ့ လူသိများတဲ့ မင်းသား Kim Mu-yeol, လောလောလတ်လတ် ထွက်ရှိထားတဲ့ Moon River နန်းတွင်းဇာတ်ကားမှာ ဗီလိန် လက်ဝဲအမတ်ကြီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo, To the Beautiful You ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ မင်းသား Lee Hyun-woo, Tree of Heaven မှာ ပရိသတ်အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Kim Tae-hee ရဲ့ မောင်ဖြစ်သူ Lee Wan.. စသည်ဖြင့် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတာကြောင့် လက်ရှိဖြစ်ရပ်မှန်ထက် မလျော့စေဘဲ ပရိသတ်ရင်ထဲရောက်စေမယ့် သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File Size : 2.49GB/ 1.19GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 10m Genre : Action, Military, War, Political, History Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း