ဇာတ်ကားများ ရွေးရန်

100 Songs for Stella

2025ဇာတ်ကားအမှတ် 5.0/10129 မိနစ်

100 Songs for Stella (2025) IMDb Rating (7.7) နာမည်ကျော်ခဲ့တဲ့ 100 Tula Para Kay Stella ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး မပြီးပြတ်သေးတဲ့ဖီဒယ်နဲ့စတယ်လာတို့ရဲ့ဇာတ်လမ်းကို လက်ရှိဘ၀တွေနဲ့ပြန်လည်စတင်ထားပါတယ်။ ဖခင်ဆုံးပါးမှုကြောင့်စိတ်ဓာတ်ကျပြိုလဲနေတဲ့ ဖီဒယ်ဟာ အလုပ်ထွက်လိုက်ပြီးတဲ့နောက် သူအမွေရခဲ့တဲ့ ခြံနဲ့အိမ်ကိုငှားပြီး တစ်ဖက်ကတက်သစ်စအဆိုတော် သူ့သူငယ်ချင်း ကလိုက်ဒ်ရဲ့နောက်ကွယ်က ရှဲဒိုးတေးရေးအဖြစ်အသက်မွေးနေခဲ့ပါတယ်။ စတယ်လာကတော့ အခုချိန်မှာ ဒိတ်တင်ပွဲတွေစီစဉ်တဲ့ Rainstar ကုမ္ပဏီကိုတည်ထောင်ထားပြီး ကုမ္ပဏီကလုပ်တဲ့ပွဲတစ်ခုမှာ ကလိုက်ဒ်နဲ့တွေ့ဆုံရင်းနှီးသွားခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ကလိုက်ဒ်ရဲ့သီချင်းတွေဟာ သူနဲ့သိပ်ရင်းနှီးသလိုဖြစ်နေတာ ခံစားမိလာတဲ့ စတယ်လာဟာ သူ့ပွဲတစ်ပွဲကို ဖီဒယ်ရဲ့ခြံထဲမှာ ငှားပြီးလုပ်ဖြစ်တဲ့ အချိန်မှာ သူတို့နှစ်ယောက်ပြန်ဆုံဆည်းဖြစ်ခဲ့ကြပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခု အစပျိုးလာပါတော့တယ်။ ဒီတစ်ခါရော သူတို့နှစ်ယောက်ဆုံဆည်းခြင်းနဲ့အဆုံးသတ်နိုင်မလား? သီချင်းကောင်းကောင်းလေးတွေ၊ မျက်စိပသာဒဖြစ်စရာ ရှုခင်းတွေ ရိုက်ချက်တွေနဲ့အတူဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖွဲ့စည်းထားတဲ့ အချစ်ဇာတ်လမ်း လှလှလေး တစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.6 GB) / (0.98 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 02:09:32 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း