ဇာတ်ကားများ ရွေးရန်

The Spy Gone North

2018ဇာတ်ကားအမှတ် 7.4/10138 မိနစ်

The Spy Gone North (2018) IMDb Rating (7.4)/ Rotten Tomatoes (100%) ဒီတစ်ခါမှာတော့ မေဂျာဆုပေးပွဲကြီးတွေမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး မင်းသားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု စတဲ့ ဆုပေါင်း ၂၈ ဆုတိတိ ရရှိခဲ့ပြီး Hwang Jung-Min, Lee Sung-Min , Cho Jin-Woong, Ju Ji-Hoon အစရှိတဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၉၀ ခုနှစ်ပိုင်းမှာ တောင်ကိုးရီးယားဘက်ကနေ မြောက်ကိုးရီးယားဆီ စေလွှတ်လိုက်တဲ့ လျှို့ဝှက်အေးဂျင့် Black Venus အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ လက်ရာမြောက်ကားကြီးပဲ ဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဘတ်ဆော့ယောင်း (Hwang Jung-Min) ကတော့ ထောက်လှမ်းရေးတပ်ဌာနချုပ်မှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိဟောင်းတစ်ဦးပါ။ အဲဒီအချိန်တစ်ဝိုက်မှာ မြောက်ကိုးရီးယားက နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတယ်လို့ သတင်းပျံ့နှံ့လာတဲ့အတွက် ကိုးရီးယားကျွန်းဆွယ်ဟာလည်း အကျပ်အတည်းကြုံလာရတာပေါ့။ ဒီအခြေအနေကို စုံစမ်းဖို့ရာ အမျိုးသားလုံခြုံရေးဗျူဟာအဖွဲ့မှ ညွှန်မှူး ချွဲဟက်ဆောင်း (Cho Jin-Woong) ဆိုသူက ဘတ်ဆော့ယောင်းကို လျှို့ဝှက်အေးဂျင်လုပ်ပေးဖို့ ကမ်းလှမ်းလာပါတော့တယ်။ မြောက်ကိုးရီးယားရဲ့ နျူကလီးယားထုတ်လုပ်မှုကို ဟန့်တားပြီး ကိုးရီးယားကျွန်းဆွယ်ကို ကယ်တင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ဘတ်ဆော့ယောင်းတစ်ယောက် Black Venus ဆိုတဲ့ ကုဒ်နာမည်နဲ့ လျှို့ဝှက်အေးဂျင့်လုပ်ဖို့ လက်ခံလိုက်တဲ့အခါမှာတော့.... Black Venus ရဲ့ သာမန်စီးပွားရေးသမားအဖြစ် သရုပ်ဖျက်နိုင်ဖို့ ပြင်ဆင်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကနေစလို့ မြောက်ကိုးရီးယားအထိပါ ဝင်ရောက်ပြီး သတင်းထောက်လှမ်းခဲ့ပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတာဖြစ်လို့ ပြန်လည် ခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။ File Size : 2.05GB/ 860MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…2hr 18m Genre : Thriller, Crime, Drama, Political Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း