The Strange Dark
ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ သိပ္ပံပညာနဲ့ ဆက်နွယ်နေတဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အက်ဒ်ဂါ ဆိုတဲ့လူဟာ စာရင်းအင်းကုမ္မဏီမှာ အလုပ်လုပ်နေပြီးတော့ အလုပ်ကိုစိတ်နှစ်ထားပြီး မိသားစုကို အချိန်လုံးဝမပေးလို့ ဇနီးဖြစ်သူ ဆူဇီက ကွာရှင်းခွင့်လျှောက်ထားပြီး သူတို့လင်မယားဟာ အိမ်ခွဲနေနေကြပါတယ်။ တစ်ညမှာတော့ အက်ဒ်ဂါက ဆူဇီ့အိမ်ကို ဗြုန်းစားရောက်ချလာပြီး သူက စာရင်းအင်းကုမ္မဏီမှာ လုပ်တာမဟုတ်ပဲ သိပ္ပံပရောဂျက်တွေလုပ်တဲ့ ကုမ္မဏီမှာ ကိန်းဂဏန်းဆိုင်ရာတွက်ချက်မှုတွေ ပြုလုပ်ပြီး အာကာသရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ သူက လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားပြီမလို့ အဲဒီကုမ္မဏီက လူတွေရဲ့လက်ထဲက ထွက်ပြေးလာရကြောင်း ဆိုင်းမဆင့် ဗုံမဆင့် ဆူဇီ့ကို ပြောပြပါတယ်။ ဆူဇီက ပြောသွားသမျှကို လိပ်ပတ်မလည်သေးခင်မှာပဲ အက်ဒ်ဂါ ပြောသလို အဲဒီကုမ္မဏီက လူနှစ်ယောက် ညဖက်ကြီး အိမ်ကို တံခါးလာခေါက်ပါတော့တယ်။ ဒီအချိန်မှာ ဆူဇီက အက်ဒ်ဂါပြောသလို ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး တံခါးသွားဖွင့်ရပါတော့တယ်။ ဒီတော့ အက်ဒ်ဂါလည်း အိမ်ထဲမှာ ပုန်းနေချိန်မှာ ဆူဇီတစ်ယောက် အဲဒီလူနှစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုနှစ်ပါးသွားကြမလဲ၊ အက်ဒ်ဂါကရော အနာဂတ်ကို တကယ်ပဲ ကြိုမြင်နိုင်တာလား၊ ဒါမှမဟုတ် ရူးနေတာလားဆိုတာကို အဖြေရှာရင်း ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း