ဇာတ်ကားများ ရွေးရန်

Heung-boo: The Revolutionist

2018ဇာတ်ကားအမှတ် 6.1/10105 မိနစ်

Heung-boo: The Revolutionist (2018) Heung-boo: The Revolutionist" ရုပ်ရှင်ဇာတ်ကားလေးကတော့ ၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သော တောင်ကိုရီးယား သမိုင်းနောက်ခံ ဒရာမာရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Cho Geun-hyun မှ ရိုက်ကူးထားပြီး Jung Woo၊ Kim Joo-hyuk၊ Jung Jin-young နှင့် Jung Hae-in တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကိုရီးယားရိုးရာပုံပြင်တစ်ခုဖြစ်တဲ့ "Heungbu and Nolbu" ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်နှောင်းပိုင်း မင်းမဲ့စရိုက်ဆန်နေတဲ့ အချိန်ကို နောက်ခံထားတာဖြစ်ပါတယ်။ နာမည်ကြီးစာဆို Yeon Heung-boo (Jung Woo) ဟာ ငယ်စဉ်ကတည်းက ကွဲကွာနေတဲ့ သူ့အစ်ကိုကို ရှာဖွေဖို့အတွက်စာတွေရေးနေသူပါ။ တစ်နေ့မှာ သူဟာ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူကြီးမင်း Jo Hyuk (Kim Joo-hyuk) ဆိုသူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Jo Hyuk မှာ အာဏာမက်ပြီး လူမဆန်တဲ့ အစ်ကိုဖြစ်သူ Jo Hang-ri (Jung Jin-young) ဆိုတာ ရှိပါတယ်။ Heung-boo ဟာ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့ စရိုက်တွေကို အခြေခံပြီး နာမည်ကျော် "Heungbu and Nolbu" ဝတ္ထုကို ရေးသားခဲ့ရာကနေ လူထုတော်လှန်ရေးရဲ့ အစပျိုးမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Yeon Heung-booဟာ သူ့အစ်ကို Nolbuနဲ့ ပြန်ဆုံတွေ့နိုင်မလား... လူထုတော်လှန်‌ရေးကရော အောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size - 2 GB/ 822 MB Quality - WEB-DL 1080p/ 720p Duration - 1h 45m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း