Mechanic: Resurrection
ဘစ်ရှော့ပ်ဟာ သူလုပ်ကြံခဲ့တဲ့သူတွေကို လူသတ်ခံရတာလို့တောင် မထင်ရဘဲ မတော်တဆသေဆုံးသွားသလို ဖြစ်အောင် ဖန်တီးနိုင်တဲ့ လုပ်ကြံရေးသမားပါ။ တည်ငြိမ်ပြီး သွေးအေးသလို အလုပ်လုပ်ရာမှာလည်း တိကျရက်စက်တဲ့သူဖြစ်ပါတယ်။ အခုတော့ အဲဒီဘဝကနေ အနားယူပြီး ဘရာဇီးမှာ ကိုယ့်အကြောင်းကို ဖုံးကွယ်နေထိုင်နေတယ်။ ဒါပေမဲ့ သူ့ဆီ မိန်းကလေးတစ်ယောက် ရောက်လာပြီး သူ့အကြောင်းကို ဖော်ထုတ်သွားတဲ့အခါ ပုန်းရှောင်နေတဲ့ဘဝက အဆုံးသတ်သွားပါတယ်။ သူ့ကို ပြန်အသုံးချချင်နေတာက ငယ်ငယ်ကတည်းက ရန်စရှိခဲ့တဲ့ ခရိန်းပါ။ ခရိန်းက ဘစ်ရှော့ပ်ရဲ့ လုပ်ကြံရေးအရည်အချင်းကို သုံးပြီး သူ့ရန်သူတွေကို ရှင်းပစ်ချင်သလို အရင်က ရန်ငြိုးအတွက်လည်း လက်စားချေချင်နေတယ်။ ဒီနှစ်ယောက်ကြား ဘာမှမဆိုင်တဲ့ ဂျီနာပါ ညပ်ပါလာရာက တစ်ယောက်အကွက်ကို တစ်ယောက်ကျော်ဖို့ ဉာဏ်ချင်းပြိုင်ကြရပါတယ်။ The Mechanic (2011) ရဲ့ အဆက်ဖြစ်ပြီး ဘစ်ရှော့ပ်အဖြစ် Jason Statham သရုပ်ဆောင်ထားပါတယ်။ Jessica Alba နဲ့ Michelle Yeoh တို့လည်း ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း