ဇာတ်ကားများ ရွေးရန်

Dongju: The Portrait of a Poet

2016ဇာတ်ကားအမှတ် 7.8/10111 မိနစ်

Dongju: The Portrait of a Poet (2016) ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ Dongju: The Portrait of a Poet ဆိုတဲ့ရုပ်ရှင်ကတော့ ကဗျာဆရာ ယွန်းဒုံဂျူရဲ့ အတ္ထုပ္ပတ္တိကို နောက်ခံရိုက်ကူးထားတဲ့ အဖြူအမဲ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Lee Joon-ik ရိုက်ကူးပုံဖော်ထားပြီး Kang Ha-neul နဲ့ Park Jeong-min တို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း အမည်၊ ဘာသာစကားနဲ့ အိပ်မက်တွေကို ပိတ်ပင်ထားတဲ့ ဂျပန် ကိုလိုနီခေတ်မှာ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ကြတဲ့ ယွန်းဒုံဂျူ(Kang Ha-neul)နဲ့ ဆုန်းမုံဂယူ(Park Jeong-min)တို့က မြောင်ဒုံရွာလေးမှာ မွေးဖွားကြီးပြင်းလာကြတယ်။ ကဗျာဆရာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဒုံဂျူနဲ့ မိမိယုံကြည်ချက်အတွက် ကြောက်ရွံ့ခြင်းမရှိ လုပ်ဆောင်တတ်တဲ့ မုံဂယူဟာ အကျင့်စရိုက်ချင်း၊ အတွေးအခေါ်ချင်း ကွဲပြားနေသော်လည်း စာပေနဲ့ပတ်သက်ပြီး ထူးချွန်တဲ့လူတော်တွေမို့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ယွန်းဟီအထူးပြုကောလိပ်မှာ တက်ရောက်ပြီးနောက် နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် ဒုံဂျူနဲ့ မုံဂယူက မွေးရပ်မြေကို စွန့်ခွာပြီး ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားရောက်ဖို့ ဖြစ်လာပါတော့တယ်။ ဂျပန် နာမည်ကို အတင်းပြောင်းလဲစေတာ၊ ကိုရီးယားလူငယ်တွေကို စစ်မှုထမ်းစေတာ စတဲ့ဖိအားပေးလုပ်ရပ်တွေကြောင့် ဂျပန်မှာနေထိုင်ရတဲ့ဘဝကလည်း ခက်ခဲလာပါတော့တယ်။ အဲဒီအချိန်မှာ မုံဂယူက ဂျပန်ရောက် ကိုရီးယားကျောင်းသားတွေကို စုစည်းကာ လွတ်လပ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပြီး ဒုံဂျူကတော့ ထိုခေတ်ဆိုးရဲ့ အနိဋ္ဌာရုံများကို ကဗျာများဖြင့် ပုံဖော်ရင်း ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒုံဂျူနဲ့ မုံဂယူဟာ ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ဂျပန်အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရပါတော့တယ်။ သေခြင်းတရားနဲ့ နီးကပ်လာတဲ့အချိန်မှာ ဒုံဂျူဟာ သူ့ရဲ့ နာကျင်မှုတွေကို ကဗျာတွေအဖြစ် ပြောင်းလဲခဲ့ပြီး၊ မုံဂယူကတော့ နောက်ဆုံးအချိန်အထိ ရန်သူ့ရှေ့မှာ ဒူးမထောက်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင် လူတော်နှစ်ယောက်ဖြစ်တဲ့ ယွန်းဒုံဂျူနဲ့ ဆုန်းမုံဂယူတို့ရဲ့ စာပေလက်ရာများကလည်း ယနေ့အချိန်ထိ နာမည်ကျော်လက်ရာများအဖြစ် တည်ရှိနေပါတယ်။ File Size - 1.6 GB/ 496 MB Quality - WEB-DL 1080p/ 720p Duration - 1h 51m Format - mp4 Genre - Drama, History Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း