ဇာတ်ကားများ ရွေးရန်

Gustaakh Ishq

2025ဇာတ်ကားအမှတ် 9.0/10128 မိနစ်

Gustaakh Ishq (2025) နှလုံးသားရဲ့ ကဗျာတစ်ပုဒ် ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့နိုင်ဖို့ အနုပညာရဲ့ အနှစ်သာရကို အပူတပြင်း လိုက်လံရှာဖွေနေတဲ့ လူငယ်တစ်ယောက်ဟာ အချစ်နဲ့တွေ့တဲ့အခါ သူ့ရဲ့ဖန်တီးမှုလောကကြီးတစ်ခုလုံး ပြောင်းလဲသွားပုံကို ဒီရုံတင်ဇာတ်ကားမှာ အနုစိတ်ပုံဖော်ထားပါတယ် ဇာတ်ကြောင်းက စာပေနဲ့ အနုပညာကို ရူးသွပ်လွန်းလို့ အကောင်းဆုံးသောအရာကိုပဲ ဖန်တီးချင်တဲ့ စိတ်ကူးယဉ်သမားတစ်ယောက်ရဲ့ ခရီးစဉ်ကနေ စတင်တာဖြစ်ပြီး၊ အဲဒီခရီးမှာ မမျှော်လင့်ဘဲ ဆုံတွေ့ လိုက်ရတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့နှလုံးသားတံခါးကို ရိုက်ခတ်သွားပါတယ် ဒါပေမဲ့ အဲဒီဆုံတွေ့မှုဟာ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းထက် ပိုမိုနက်ရှိုင်းသွားပြီး အနုပညာရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ဖို့အတွက် နှလုံးသားရဲ့ အလိုကို မဆင်မခြင် လိုက်မိရာကနေ အချစ်နဲ့ နာကျင်မှု၊ ရူးသွပ် မှုနဲ့ စွန့်စားမှုတွေကြားမှာ လိပ်ပြာမလုံတဲ့ ခံစားချက်တွေကို ရင်ဆိုင်ရပုံကို စိတ်ဝင်စားစရာ တင်ဆက်ထား တာပါ ခေတ်ဟောင်းအငွေ့အသက်တွေကြားမှာ လှပတဲ့ရိုက်ချက်တွေ၊ ကဗျာဆန်တဲ့ စကားပြောတွေနဲ့အတူ အချစ်ဆိုတာ တစ်ခါတလေမှာ အလှပဆုံး ကဗျာတစ်ပုဒ်လို ချိုမြိန်နေတတ်ပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျူးလွန်မိတဲ့ အမှားတစ်ခုလို နောင်တတွေနဲ့ ပြည့်နှက်နေနိုင်တယ်ဆိုတာကို ဒီဇာတ်ကားက ပရိသတ်ကို အတွေးကိုယ်စီနဲ့ ကျန်ရစ်စေမှာ အသေအချာပါပဲ..... File size… 1.8 GB / 809 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2hr 16mins Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း