ဇာတ်ကားများ ရွေးရန်

Thappad

2020ဇာတ်ကားအမှတ် 7.1/10144 မိနစ်4K

အမျိုးသမီးတစ်ယောက်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းချင်တယ်လို့ ပြောလာပါတယ်။ အကြောင်းပြချက်က သူမကို ပါးတစ်ချက်ရိုက်လိုက်လို့ပါ။ ဒီအဖြေကို ကြားရသူက တခြားအကြောင်းတစ်ခုခု ရှိဦးမယ်လို့ ယူဆပြီး ခင်ပွန်းရဲ့မိသားစုကြောင့်လား၊ နှစ်ယောက်ထဲက တစ်ယောက်ယောက် ဖောက်ပြန်လို့လား၊ လိင်မှုကိစ္စကြောင့်လားဆိုပြီး ဆက်မေးတယ်။ သူမရဲ့အဖြေကတော့ အားလုံးအတွက် မဟုတ်ဘူးဆိုတာပါပဲ။ ပါးတစ်ချက်ရိုက်ခံရတာကို ကွာရှင်းဖို့ လုံလောက်တဲ့အကြောင်းပြချက်လို့ မမြင်ကြတဲ့ အတွေးတွေကို ဒီဇာတ်ကားက မေးခွန်းထုတ်ထားပါတယ်။ လင်မယားဆိုတာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ၊ ရိုက်နှက်တာလည်း ချစ်လို့ပဲဆိုတဲ့ အယူအဆတွေကြားမှာ ဆက်ဆံရေးတစ်ခုအတွင်း လူတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ဘယ်လိုသဘောထားကြသလဲဆိုတာ ဆွေးနွေးထားတာပါ။ အိမ်ထောင်ရေးအပြင် သမီးရည်းစားဆက်ဆံရေးတွေအထိ ဆက်စဉ်းစားစရာရှိတဲ့ အကြောင်းအရာဖြစ်ပါတယ်။ အက်ရှင်တိုက်ခိုက်ခန်းတွေ မပါတဲ့ ဒီဇာတ်ကားကို Mulk (2018) နဲ့ Article 15 (2019) တို့ရဲ့ ဒါရိုက်တာ Anubhav Sinha ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း