ဇာတ်ကားများ ရွေးရန်

Kaithi

2019ဇာတ်ကားအမှတ် 7.6/10147 မိနစ်4K

ညတစ်ညမှာ မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းတွေ မှောင်ခိုသယ်လာတဲ့ ဗင်ကားတစ်စီးကို အင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းမိပြီး ပစ္စည်းတွေ သိမ်းဆည်းလိုက်ပါတယ်။ အဲဒီနောက် ရဲအရာရှိတစ်ယောက်ရဲ့အိမ်မှာ နယ်ထဲက အရာရှိအရာခံ အားလုံးနီးပါး စုဝေးသောက်စားကြတယ်။ သိပ်မကြာခင်မှာပဲ ဘီဂျွိုင်းကလွဲလို့ ကျန်သူအားလုံး အရက်ထဲက မူးယစ်ဆေးကြောင့် သတိလစ်ကုန်ကြပါတယ်။ ဒါဟာ သိမ်းဆည်းခံလိုက်ရတဲ့ မှောင်ခိုပစ္စည်းပိုင်ရှင်တွေ စီစဉ်ထားတဲ့အကွက်ဆိုတာ ဘီဂျွိုင်း နားလည်လိုက်တယ်။ အရာရှိတွေကို တခြားနေရာဆီ ချက်ချင်းရွှေ့ပေးရတော့မယ့်အချိန်မှာ ဘီဂျွိုင်းက ညနေခင်းကမှ သူ့လက်အောက်က ရဲတချို့ ဖမ်းခေါ်လာတဲ့ ဒီလီကို အကူအညီယူဖို့ စီစဉ်ပါတယ်။ ဒီလီကို ကုန်တင်ကားမောင်းခိုင်းပြီး သတိလစ်နေတဲ့ အရာရှိတွေကို သယ်သွားစေချင်တာပါ။ ဒီလီကတော့ ထောင်ဆယ်နှစ်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူပါ။ မွေးကတည်းက ဆယ်နှစ်ကြာအောင် တစ်ခါမှ မမြင်ဖူးသေးတဲ့ သမီးလေးကို တွေ့ဖို့ မိဘမဲ့ကျောင်းဆီ သွားမလို့ဖြစ်နေတယ်။ ဒီအချိန်မှာ ကြုံလာတဲ့ ဘီဂျွိုင်းခိုင်းတဲ့အလုပ်ကို သူလုပ်နိုင်ပါ့မလား၊ စောင့်မျှော်ခဲ့ရတဲ့ သမီးနဲ့ရော တွေ့ခွင့်ရပါ့မလား။ Karthi ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်၊ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး အက၊ သီချင်းနဲ့ မင်းသမီးဇာတ်ဆောင် မပါဝင်ပါဘူး။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေဟာ Vikram (2022) မှာလည်း ပြန်လည်ပါဝင်လာပါတယ်။

ဇာတ်လမ်းအကြောင်း