Detective Conan: One-Eyed Flashback
Detective Conan: One-Eyed Flashback (2025) IMDB - 6.7/10, MyAnimeList - 7.6/10 Conan ရဲ့ နောက်ဆုံးထွက် ၂၈ ကားမြောက် One-Eyed Flashback ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် Crime Mystery Anime Genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။ Gosho Aoyama (1963~) ရေးပြီး ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka Case Closed) Manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင် ဇာတ်ကောင်ဖြစ်သူ ကိုနန်လည်း ကလေးဖြစ်လိုက်၊ လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊ အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ် (၂၀၂၄) ထဲဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပါပြီ။ Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ Chapter ပေါင်း ၁၁၃၆ ခု နဲ့ Volume ပေါင်း ၁၀၆ တွဲ ထွက်ရှိထားပါတယ်။ Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၄၅ ပိုင်းထွက်ရှိထားပါတယ်။ Manga Canon Episodes တွေနဲ့ Filler Episodes (TV Original Episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၄၅ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က Filler Episodes တွေဖြစ်ပါတယ်။ Movie တွေအနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၈ ကားရှိနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အင်စပတ်တာ ယာမာတိုရဲ့ မျက်နှာပေါ်က မျက်လုံးဒဏ်ရာကိစ္စကို မိုရီရဲ့ မိတ်ဆွေဟောင်းက ပြန်လှန်လှောပြီး အမှုကို စုံစမ်းရာကနေ ဇာတ်လမ်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒီတစ်ခါမှာဆိုရင် နာဂါနိုရဲဌာနတွေတင်မကပဲ Tokyo MPD, CSICE နဲ့ PSB တို့လည်း ကိုနန်နဲ့အတူ ပါဝင်ဖော်ထုတ်သွားကြမှာ ဖြစ်ပါတယ်။ အမှုကတော့ နာဂါနိုရဲ့ အေးစက်တဲ့ဆောင်းတွင်းမှာ ဓားပြတိုက်တဲ့ တရားခံနှစ်ယောက်နဲ့ လိုက်လံဖမ်းဆီးသူတွေ၊ ဒီအမှုဟာ အင်စပတ်တာ ယာမာတိုရဲ့အမာရွတ်ကို ဘယ်လိုဖြစ်ပေါ်လာစေသလဲဆိုတာတွေကို စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့ ဖြစ်လာတဲ့ ပဟေဠိဇာတ်လမ်းလေးပါပဲ။ အတိတ်တုန်းက ဘာတွေဖြစ်ပျက်ခဲ့ပြီး ဘယ်လိုဆက်နွယ်နေမလဲဆိုတာကိုတော့ အဆုံးသတ်ထိ စောင့်စားကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း