Thor: God of Thunder
လိုကီဟာ အကျဉ်းကျနေရာကနေ အစားအစာလာပို့သူကို လှည့်စားပြီး ထွက်ပြေးလွတ်မြောက်လာပါတယ်။ လွတ်လာတာနဲ့ အိုဒင်ကို သတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံစည်တော့တယ်။ သူ့ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် အကျဉ်းချခံထားရတဲ့ သူ့သားတစ်ဦးဖြစ်သူ ဧရာမဝံပုလွေကြီးကို လွှတ်ပေးဖို့ လိုနေပါတယ်။ အဲဒီဝံပုလွေ လွတ်လာရင် အိုဒင်နဲ့ လောကကိုးပါးသစ်ပင်ကို ဝါးမျိုပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်နိုင်တာပါ။ အိုဒင် အသက်ငင်နေချိန်မှာ သောရ် ပြန်ရောက်လာပြီး လိုကီကို တားဆီးဖို့ မှာကြားချက်ကို လက်ခံရပါတယ်။ ဒီလိုနဲ့ ဝံပုလွေကြီးကို ချုပ်နှောင်ထားတဲ့ မစ်ဂတ်လို့ခေါ်တဲ့ ကမ္ဘာဆီ လိုကီနဲ့ သောရ်တို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ထောင်ပေါင်းများစွာ လူမတွေ့ခဲ့တဲ့ အဲဒီအကျဉ်းချရာနေရာကို ကမ္ဘာပေါ်က ရှေးဟောင်းသုတေသနသမားတွေ ရှာတွေ့သွားကြပါတယ်။ သူတို့ကတော့ ဗိုက်ကင်းသင်္ချိုင်းလို နေရာမျိုးလို့ ထင်နေကြတယ်။ လိုကီက ဝံပုလွေကို လွှတ်ပေးပြီး လောကကိုးပါးကို ဖျက်ဆီးဖို့ ကြိုးစားနေချိန်မှာ သောရ်က လူသားတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာကို ကယ်တင်ဖို့ လုပ်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်း