ဇာတ်ကားများ ရွေးရန်

You Can't Teach Love

2025ဇာတ်ကားအမှတ် 6.2/10

ဒီဇာတ်ကားလေးကတော့ အပျင်းပြေ ပေါ့ပေါ့ပါးပါး ကြည့်ရှုသင့်တဲ့ အချစ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လစ်ဇီဆိုတဲ့ သက်လတ်ပိုင်းကောင်မလေးကတော့ ဆိုရှယ်မီဒီယာ ပုံရိပ်တည်ဆောက်ပေးတဲ့ ကုမ္မဏီမှာ အလုပ်အကြိုးစားဆုံး သူကိုင်လိုက်တဲ့ပရောဂျက်တိုင်း အအောင်မြင်ဆုံး ထိပ်တန်းဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မဟာ နယ်ဝေးကို အလုပ်ကိစ္စနဲ့ ခရီးသွားရမှာမလို့ သူ့သမီးလေး ရူဘီကို လစ်ဇီဆီမှာ တူဝရီးနှစ်ယောက် နေခဲ့ဖို့ ထားခဲ့ပါတော့တယ်။ ဒီလိုနဲ့ လင်ယူသားမွေးမလုပ်ချင်တဲ့ အလုပ်ရူး လစ်ဇီဟာ သူ့တူမလေးရဲ့ ဝေယျာဝိစ္စနဲ့ ကျောင်းကိစ္စတွေရော သူ့အလုပ်တွေကိုပါ မနိုင်မနင်း တာဝန်ယူရပါတော့တယ်။ ဒီလိုနဲ့ သူမဟာ ရူဘီတက်တဲ့ မူကြိုကျောင်းကို အမြဲတမ်း အကြိုအပို့နောက်ကျရာကနေ အဲဒီကျောင်းရဲ့ ကျောင်းအုပ် ဂျေမီနဲ့ ခဏခဏ တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ ဂျေမီကလည်း သက်လတ်ပိုင်းကောင်လေးဖြစ်ပြီး စီးပွားရေးလောကမှာ ကျင်လည်ခဲ့ပေမဲ့ အလုပ်ကိုစိတ်ကုန်လာလို့ သူဝါသနာပါတဲ့ မူကြိုကျောင်းဖွင့်ထားတဲ့သူပါ။ ဒီတော့ လစ်ဇီတစ်ယောက် ခဏတာ ကလေးထိန်းကူရာကနေ ဇာတ်လမ်းလေး ဘယ်လိုအစပျိုးလာမလဲဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း