ဇာတ်ကားများ ရွေးရန်

Driven to Kill

2009ဇာတ်ကားအမှတ် 5.0/1098 မိနစ်

ဒီဇာတ်ကားကတော့နာမည်ကျော်အက်ရှင်မင်းသားကြီး Steven Seagalသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Steven Seagalရဲ့စတိုင်အတိုင်းအထိုးအကြိတ် အသတ်အပုတ်၊အပစ်အခတ်ကတော့ စူပါဟီးရိုး အတိုင်းပါပဲ။ဒါရိုက်တာက Jeff F.King ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ရူးဆလန်ကရုရှလူမျိုးဖြစ်ပြီး ၊အရင်ကလူဆိုးဂိုဏ်းသားဖြစ်ခဲ့ပေမဲ့၊ အခုတော့မူခင်းဆိုင်ရာဝတ္ထုတွေရေးပြီးအေးအေးလူလူဘဝကိုဖြတ်သန်းနေပါတယ်။တစ်ရက်ကျတော့၊သူ့သမီးကလက်ထပ်တော့မှာမို့လက်ထပ်မင်္ဂလာပွဲကို၊လာတက်ပေးဖို့သူ့ဇနီးဟောင်းက၊ဖုန်းဆက်လာပါတယ်။သူ့ကိုဖိတ်လိုက်တာကို၊သူ့ဇနီးဟောင်းရဲ့ယောကျာ်းဂိုးလ်စတိန်းကလုံးဝသဘောမတူပါဘူး။သူ့သမီးလေးက ခရိုင်ရှေ့နေရုံးက၊အစိုးရရှေ့နေမလေးပါ။ သူ့သမီးလက်ထပ်မယ့်စတက်ဖန်ရဲ့လက်ကတက်တူးကိုတွေ့သွားတော့၊လူဆိုးဂိုဏ်းသားလားလို့ရူးဆလန်ကမေးလိုက်ပါတယ်။သတို့သားရဲ့အဖေကသြဇာအာဏာရှိတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်နေတာပါ။စတက်ဖန့်အဖေက၊သူ့ခြေရာကိုနင်းစေချင်ပေမဲ့၊စတက်ဖန်ကအဲဒီအလုပ်တွေကိုမလုပ်ပါဘူး။ လက်ထပ်မင်္ဂလာပွဲအတွက်၊ဘုရားရှိခိုးကျောင်းကိုသွားခါနီးလေးမှာပဲ၊သားအမိနှစ်ယောက်ကိုလူဆိုးတွေကရက်ရက်စက်စက်ဝင်သတ်သွားကြပါတယ်။ဓားပြတိုက်တာလိုလိုထင်အောင်၊အကွက်ချထားခဲ့ပါသေးတယ်။ဇနီးဟောင်းကနေရာတင်ပွဲချင်းပြီးသေသွားပြီး၊သမီးလေးက၊အပြင်းအထန်ဒဏ်ရာရသွားပါ တယ်။သူ့သမီးအသက်ရှင်နေတာကိုလျို့ဝှက်ထားဖို့စုံထောက်တွေနဲ့ ရူးဆလန်သဘောတူလိုက်ပါ တယ်။ တကယ့်ယောကျာ်းကောင်းဆိုတာ၊ဒီလိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့သူတွေကိုပြန်ပြီးလက်စားချေရတယ်လို့ ၊သူ့သမက်လောင်းကိုရူးဆလန်ကပြောပြီး၊နှစ်ယောက်သားက၊လူသတ်သမားတွေရဲ့သဲလွန်စတွေကိုလိုက်ရှာကြပါတယ်။ သူ့သမီးလေးကိုပေးခဲ့တဲ့၊လက်ထပ်လက်စွပ်ကနေသဲလွန်စတွေရလာပြီး၊တစ်စတစ်စနဲ့၊တရားခံတွေကဘယ်သူတွေလဲ၊ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာတွေပေါ်လာသလို၊ရေကုန်ရေခန်း၊သူသေကိုယ်သေတိုက်ရမဲ့ ၊တိုက်ပွဲတွေဖြစ်လာပါတော့တယ်။အက်ရှင်ဇာတ်လမ်းကြိုက်တယ်၊ သဲလွန်စတွေနဲ့ တရားခံပေါ်အောင်ဘယ်လိုက်လိုက်တယ်ဆိုတာကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက်၊ဒီဇာတ် ကားက၊အကြိုက်တွေ့မယ့်ဇာတ်ကားပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း