The Witch: Part 2. The Other One
ထူးခြားတဲ့ လူသားမျိုးစိတ်သစ်တစ်ခု ဖန်တီးဖို့ စမ်းသပ်ကြရာက ပြဿနာတွေ ဖြစ်လာပါတယ်။ စမ်းသပ်ခံလူသားတွေကို ရှင်းလင်းပစ်ပေမယ့် အဲဒီအထဲက မိန်းကလေးတစ်ယောက်တော့ လွတ်မြောက်သွားခဲ့တယ်။ သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ သူမကို KyungHee က အမှတ်မထင် တွေ့မိပြီးနောက် ကာကွယ်ပေးဖို့ ကြိုးစားရပါတော့တယ်။ လူသားမျိုးစိတ်အသစ်တစ်ခုလို ဖြစ်နေတဲ့ ဒီမိန်းကလေးမှာ ဘယ်လိုစွမ်းအားတွေ ရှိနေသလဲ။ ဒီစမ်းသပ်မှုကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတာလဲ။ အဲဒီမေးခွန်းတွေနဲ့အတူ သဘာဝလွန်ဖြစ်ရပ်တွေ၊ သွေးထွက်သံယို ထိတ်လန့်စရာခန်းတွေနဲ့ အက်ရှင်ခန်းတွေကို ဆက်တွေ့ရမှာပါ။ Kim Dami နဲ့ Choi Woo-Shik တို့ ပါဝင်ခဲ့တဲ့ The Witch: The Subversion ရဲ့ အဆက်ဖြစ်ပါတယ်။ ဒီအပိုင်းမှာ Lee Jong-Suk နဲ့ Extraordinary Attorney Woo ထဲက Park Eun Bin တို့ ပါဝင်ထားပြီး Park Eun Bin က KyungHee အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပထမပိုင်းက သရုပ်ဆောင်အတော်များများလည်း ပြန်ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း