ဇာတ်ကားများ ရွေးရန်

Three Kingdoms: Starlit Heroes

2025ဇာတ်ကားအမှတ် 6.5/10122 မိနစ်4K

အခုနောက်ပိုင်း တရုတ်ရုပ်ရှင်တွေမှာ အရည်အသွေးကောင်းမွန်လာသလို၊ ကာတွန်းရုပ်ရှင်လောကမှာလည်း တရုတ်နိုင်ငံရဲ့ သမိုင်းအခြေခံ ဇာတ်လမ်းတွေကို ပိုပြီးအသက်ဝင်အောင် ဖန်တီးလာကြတာကို သတိထားမိကြမှာပါ။ အခုတစ်ခေါက်မှာတော့ တရုတ်နိုင်ငံရဲ့ သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ သုံးပြည်ထောင်ခေတ် က သူရဲကောင်းတွေရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ "Three Kingdom: Starlit Hero" ဆိုတဲ့ ကာတွန်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ တုန်းဟန်မင်းဆက်နှောင်းပိုင်းက သမိုင်းတွင် ထင်ရှားလှတဲ့ ချောင်ချောင် (Cao Cao) ပဲ ဖြစ်ပါတယ် သူဟာ နိုင်ငံ့အရေးကို အလေးထားတဲ့ နိုင်ငံရေးသမား၊ စစ်ရေးပညာရှင်၊ စာပေပညာရှင်၊ ကဗျာဆရာတစ်ဦးဖြစ်ပြီး "ကံကြမ္မာသည် ငါ့အပေါ်၌တည်၏" ဆိုတဲ့ ပြတ်သားတဲ့ယုံကြည်မှုကို ဆွဲကိုင်ထားသူ ဖြစ်ပါတယ်။ ရှုပ်ထွေးပွေလီလှတဲ့ ခေတ်ကြီးထဲမှာ သူ့ရဲ့ ထူးချွန်တဲ့ လက်ရုံးရည်၊ နှလုံးရည်တို့နဲ့ အောင်မြင်မှုကြီးတွေကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ချောင်ချောင်ဟာ စစ်တပ်ကို အင်အားဖြည့်တင်းဖို့အတွက် လယ်ယာမြေစနစ် ကို ကျင့်သုံးခဲ့ပါတယ်။ ဒါ့အပြင် မျိုးရိုးဂုဏ်အဆင့်အတန်းကိုကြည့်ပြီး ခန့်အပ်တဲ့ အယူအဆတွေကို ဖယ်ရှားကာ အရည်အချင်းရှိသူကိုသာ ရာထူးပေးတဲ့စနစ်ကို ဖော်ဆောင်ခဲ့တာကြောင့် သူအုပ်ချုပ်တဲ့ မြောက်ပိုင်းဒေသမှာ စီးပွားရေးကို ပြန်လည်ဦးမော့လာစေပြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စစ်ရေးစွမ်းရည်ကို အပြည့်အဝပြသခဲ့တဲ့ သမိုင်းဝင်တိုက်ပွဲကတော့ ကွမ်းတုတိုက်ပွဲ (Battle of Guandu) ပဲ ဖြစ်ပါတယ်။ အင်အားအဆမတန်များပြားတဲ့ ရန်သူကို လူအင်အားနည်းနည်းနဲ့ အပြတ်အသတ်အနိုင်ယူခဲ့တဲ့ ဒီတိုက်ပွဲဟာ တရုတ်သမိုင်းမှာ အကြီးကျယ်ဆုံးနဲ့ ဂန္ထဝင်အဖြစ်ဆုံး တိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ဒီကာတွန်းကားထဲမှာ ချောင်ချောင်ရဲ့ ဇာတ်လမ်းအပြင်၊ သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ လျိုပေ့ (Liu Bei) နဲ့ စွန်းချွမ် (Sun Quan) တို့လို သူရဲကောင်းတွေ၊ ဉာဏ်ကြီးရှင် စစ်သူကြီးတွေရဲ့ အားပြိုင်မှုတွေကိုလည်း တွေ့မြင်ရမှာပါ။ သုံးပြည်ထောင်ခေတ်ရဲ့ ပြောလို့မကုန်နိုင်တဲ့ သမိုင်းဇာတ်ကြောင်းတွေ၊ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးပရိယာယ်တွေကြားမှာ နာမည်တွင်ကျန်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ ဇာတ်လမ်းကို အခုပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် Filesize : 6.51 GB / 1.64 GB / 948 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv/mp4 Genres : Drama, History, and Animation Runtime : 2h 02 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း