Vikram
အစိုးရအရာရှိတွေကို ပစ်မှတ်ထားပြီး ဆက်တိုက်သတ်ဖြတ်နေတဲ့ မျက်နှာဖုံးစွပ်အဖွဲ့တစ်ဖွဲ့ ရှိနေပါတယ်။ သူတို့က လူသတ်ပြီးတိုင်း ခြေရာလက်ရာနဲ့ သဲလွန်စ မကျန်အောင် လုပ်နိုင်တဲ့အပြင် သတ်ဖြတ်မှုကို ဗီဒီယိုရိုက်ပြီး ရဲဌာနဆီ ပို့တဲ့အထိ ရဲတင်းကြတယ်။ ရဲဌာနက ဒီအမှုကို မကိုင်တွယ်နိုင်တော့တဲ့အခါ ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်လွှဲပေးလိုက်ပါတယ်။ ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှု မရှိသလောက်ပဲလို့ နာမည်ကြီးပြီး ဉာဏ်ထက်တဲ့အဖွဲ့ပါ။ ခြေရာမချန်တဲ့ လူသတ်အဖွဲ့ကို သူတို့လိုက်စုံစမ်းရာက နှစ်ဖွဲ့ကြား အကွက်ချင်းပြိုင်ဆိုင်မှုတွေနဲ့ မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေ ပေါ်လာပါတယ်။ ကမာလ်ဟာစန်း၊ ဗီဂျေးစည်သူပတီ၊ ဖဟဒ်ဖာဆစ်လ်နဲ့ ဆူရီးယားတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကောင်တချို့ကတော့ Kaithi (2019) ထဲက ဇာတ်ကောင်တွေ ဖြစ်ကြပါတယ်။
ဇာတ်လမ်းအကြောင်း