The Bad Sleep Well
The Bad Sleep Well (1960) IMDB : 7.9 Rotten Tomatoes : 100% Genre : Noir / Thriller ဂျပန်ရုပ်ရှင်လောကရဲ့ ဆရာကြီး Akira Kurosawa ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ဂန္တဝင်လက်ရာတစ်ခုဖြစ်ပြီး၊ ရှေးခေတ်ဆာမူရိုင်းကားတွေနဲ့ လူသိများတဲ့ ဒါရိုက်တာ Kurosawa က ခေတ်ပေါ် စီးပွားရေးလောကရဲ့ အမှောင်ခြမ်းကို Film Noir ပုံစံနဲ့ တင်ဆက်ထားတဲ့ ရှားရှားပါးပါး လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူငယ်တစ်ယောက်ဖြစ်တဲ့ Nishi (သရုပ်ဆောင် Toshiro Mifune) ဟာ အဂတိလိုက်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အစိုးရဆောက်လုပ်ရေးကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ဒု-ဥက္ကဌ Iwabuchi ရဲ့ သမီးဖြစ်သူကို လက်ထပ်ယူလိုက်တဲ့ မင်္ဂလာပွဲနဲ့ စတင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Shakespeare ရဲ့ Hamlet နဲ့ ဆင်တူတာကြောင့် William Shakespeare ရဲ့ နာမည်ကျော်ပြဇာတ် "Hamlet" ကို အခြေခံထားတယ်လို့ ဆိုနိုင်ပါတယ်။ အကျင့်ပျက်နေတဲ့ အာဏာရှိသူတွေနဲ့ အမှန်တရားကြားမှာ အမှန်တရားဖော်ထုတ်ဖို့ ကြိုးစားပုံတွေကို ခေတ်ပေါ် Corporate လောက နောက်ခံနဲ့ ပေါင်းစပ်ထားတာက အလွန်ပညာသားပါတယ်လို့ဆိုရပါမယ်။ အဖွင့်ခန်း (The Opening Scene) ရုပ်ရှင်ရဲ့ အဖွင့် မင်္ဂလာဆောင်အခန်းဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး အဖွင့်ခန်းတွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။သတင်းထောက်တွေရဲ့ အတင်းအဖျင်းပြောသံတွေ၊ ကော်ပိုရေးရှင်းလူကြီးတွေရဲ့ ဟန်ဆောင်မှုတွေနဲ့ တင်းမာနေတဲ့အခြအေနေတစ်ခုကို Kurosawa က ကျွမ်းကျင်စွာ ပုံဖော်ထားပြီး ပရိသတ်ကို ရုပ်ရှင်စဖွင့်ကတည်းကဆွဲဆောင်ထားပါတယ်။ Toshiro Mifune ရဲ့ သရုပ်ဆောင်ချက် မင်းသားကြီး Toshiro Mifune ကို အများအားဖြင့် ဒေါသတကြီးပေါက်ကွဲတတ်တဲ့ ဇာတ်ရုပ် (ဥပမာ - Seven Samurai) မှာ မြင်တွေ့ရလေ့ရှိပေမဲ့၊ ဒီကားမှာတော့ အေးစက်တည်ငြိမ်ပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ Nishi ဇာတ်ကောင် အဖြစ် ထူးခြားစွာ သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်နာမည် "The Bad Sleep Well" (လူယုတ်မာတွေ အိပ်ပျော်ကြသည်) ဆိုတဲ့အတိုင်း၊ ရိုးသားသူတွေက ထိခိုက်နစ်နာပြီး မတရားမှုကျူးလွန်သူတွေကတော့ အာဏာငွေကြေးနဲ့ စည်းစိမ်ယစ်ပြီး အေးအေးဆေးဆေး အိပ်စက်နေနိုင်ကြတဲ့ ခေတ်စနစ်ဆိုးကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားကောင်းတကားဖြစ်တာမလို့ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။ File size… 2.9 GB / 1.1 GB Quality… WEB DL 1080p & 720p Format… mp4 Duration…. 2h 23m Genre ..... Noir / Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း