Even If This Love Disappears Tonight
Even If This Love Disappears Tonight (2025) IMDb Rating (7.3) The Trauma Code: Heroes on Call ထဲက ဆရာဝန်လေး Choo Young Woo နဲ့ Resident Playbook ထဲက ဆရာဝန်မလေး Shin Sia တို့ရဲ့ ရုံတင် Melo Movie လေး ထွက်ရှိလို့လာပါပြီ။ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူ ဂျပန်ရုပ်ရှင်ကို remake ပြန်လည် ရိုက်ကူးထားခြင်းဖြစ်ပြီး ကိုးရီးယားဗားရှင်းလေးနဲ့လည်း ထပ်ငိုချင်လှပါချည်ရဲ့ ဆိုသူများအတွက် ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အနိုင်ကျင့်ခံနေရတဲ့ သူငယ်ချင်းကို ကူညီဖို့အတွက် အထက်တန်းကျောင်းသားလေး ဂင်ဂျယ်ဝန်း (Choo Young Woo) ဟာ ကျောင်းမှာ အရမ်းနာမည်ကြီးတဲ့ မိန်းကလေး ဟန်ဆောယွန်း (Shin Sia) ကို လူကြားထဲမှာ ဖွင့်ပြောရာကနေ မထင်မှတ်ဘဲ တွဲဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ ဂျယ်ဝန်းတစ်ယောက် ဆောယွန်းနဲ့ တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါ ဆောယွန်းဆီမှာ ဝမ်းနည်းဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို သိလိုက်ရပါတော့တယ်။ အဲဒါကတော့ ဆောယွန်းက အိပ်ပျော်သွားပြီး ပြန်နိုးလာတိုင်း အိပ်မပျော်ခင်က မှတ်ဉာဏ်တွေ အကုန်လုံးကို မေ့သွားတဲ့ရောဂါကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း ဆောယွန်းဟာ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ဒိုင်ယာရီထဲမှာ ချရေးထားပြီး နောက်တစ်နေ့မနက်မှာ ပြန်ဖတ်ရင်း ဘဝကို ဖြတ်သန်းနေရသူပါ။ ဂျယ်ဝန်းတစ်ယောက် ဆောယွန်းရဲ့ ပျောက်ဆုံးသွားမဲ့ မှတ်ဉာဏ်တွေထဲမှာ ပျော်ရွှင်စရာတွေပဲ ဖြည့်စွက်ပေးနိုင်ဖို့ ကြိုးစားတဲ့အခါမှာတော့... တကယ်ပဲ ချစ်ခဲ့တဲ့ အမှတ်တရတွေ ပျောက်ကွယ်သွားရင် ချစ်ခဲ့တဲ့ ခံစားချက်တွေပါ ပျောက်ကွယ်သွားမှာလား... ဒီနေ့ညမှာ ကမ္ဘာပေါ်ကနေ ဒီအချစ်က ပျောက်ကွယ်သွားရင်တောင် မနက်ဖြန်မှာ သူတို့နှစ်ဦးကြား အချစ်က တစ်ဖန် ဖြစ်တည်လာနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးရှင်။ File Size : 710MB/ 1.50GB Quality : NF WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr 40m Genre : Romance, Life, Youth, Melodrama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း