Lightyear
၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးဟာ ဘက်ဇ်လိုက်ရီးယားအရုပ်ကို မွေးနေ့လက်ဆောင်ရခဲ့ပါတယ်။ အဲဒီအရုပ်က အန်ဒီအရမ်းကြိုက်တဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်ကို ပုံစံယူထားတာပါ။ Lightyear ကတော့ Toy Story ထဲက အရုပ်တွေရဲ့အကြောင်းကို ဆက်ပြတာမဟုတ်ဘဲ အန်ဒီကြိုက်ခဲ့တဲ့ အဲဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကို ပြထားတာဖြစ်ပါတယ်။ ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာရာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးပါ။ ထူးဆန်းတဲ့ ဂြိုဟ်တစ်ခုပေါ်ကို သွားလေ့လာရင်း ဂြိုဟ်သားတွေနဲ့ တိုက်ပွဲဖြစ်ကြရာက သူတို့ရဲ့ယာဉ် ပျက်ကျသွားပြီး အလင်းအလျင်နဲ့ မောင်းနှင်နိုင်တဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ အိမ်ပြန်လို့ မရတော့တဲ့အတွက် အဖွဲ့သားတွေဟာ အဲဒီဂြိုဟ်ပေါ်မှာ အသက်ရှင်နေထိုင်နိုင်ဖို့ ကြိုးစားကြရပါတယ်။ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းအလျင်နဲ့ ပြန်မောင်းနိုင်အောင် ပြုပြင်ပြီး အားလုံးကို အိမ်ပြန်ပို့ပေးဖို့ စွန့်စားရပါတော့တယ်။
ဇာတ်လမ်းအကြောင်း