ဇာတ်ကားများ ရွေးရန်

My Family's Killer Affairs

2025ဇာတ်ကားအမှတ် 4.3/1086 မိနစ်

My Family's Killer Affairs (2025) အဲရစ်ကာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူနဲ့ အရမ်းချစ်ခင်ရင်းနှီးခဲ့သူပါ။ တစ်နေ့မှာ အဲရစ်ကာတို့ သမီးနဲ့အမေနှစ်ယောက်ဟာ အဲရစ်ကာရဲ့ကောင်လေးဖြစ်သူ သောမတ်ကြောင့် စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူ ဘဝတက်လမ်းအနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် အရည်အချင်းမရှိတဲ့ကောင်လေးနဲ့ လမ်းခွဲဖို့ပြောပေမယ့် သမီးဖြစ်သူကလည်း ဘုကလန့်လုပ်တဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့် မိခင်စကားကိုနားမထောင်ဘဲ မိခင်ဖြစ်သူ သေသွားရင်သိပ်ကောင်းမှာပဲလို့ ပြောပြီး စိတ်ဆိုးဆိုးနဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့ညမှာပဲ သူ့ရဲ့မိခင်ဖြစ်သူဟာ အသတ်ခံလိုက်ရပါတယ်။ မိခင်ဖြစ်သူအသက်ခံလိုက်ရပြီးတဲ့နောက် မကြာခင်မှာပဲ အဲရစ်ကာမှာ တကယ့်သွေးသားရင်းချာ မိခင်တစ်ယောက်ရှိမှန်း ထပ်သိလိုက်ရပါတယ်။ ဖြစ်ချင်တော့ တစ်ချိန်က နစ်ကီဆိုတဲ့အမျိုးသမီးဟာ တစ်ချိန်တုန်းက သူ့ရဲ့မမျိုးဥကို ဖန်ပြွန်သန္ဓေသားနဲ့မျိုးပွားဖို့လုပ်တဲ့နေရာမှာ မတော်တဆ အဲရစ်ကာ့အဖေရဲ့သုတ်ပိုးနဲ့ သွားပြီး သန္ဓေစပ်ခဲ့မိတာပါ။ ဒီလိုနဲ့ပဲ အဲရစ်ကာဟာ နစ်ကီနဲ့ပြန်ဆုံဖို့ ကံပါလာခဲ့ပြီး တစ်ဘက်မိသားစုနဲ့တစ်ဘက် ဝင်ဆံ့ဖို့ကြိုးစားခဲ့ပေမယ့်လည်း အဲရစ်ကာရဲ့ ကောင်လေးဟာ သူ့ကိုလာလာနှောင့်ယှက်နေပြီးနောက်မှာတော့ သူ့အမေမတော်တဆကိစ္စအပြင် တခြားအရှုပ်အရှင်းကိစ္စတွေလည်း ဖော်ကောင်လုပ်ဖြစ်လာပါတော့တယ်။ File size… (1.6 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:25:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း