ဇာတ်ကားများ ရွေးရန်

The Art of Telling Lies

2026ဇာတ်ကားအမှတ် 6.0/10

The Art of Telling Lies (2026) တစ်နေ့မှာ လူလေးယောက်ဟာ ဥရောပမှာရှိတဲ့ နေအိမ်ရဲတိုက်တစ်ခုကိုဖိတ်ခေါ်ခံလိုက်ရပါတယ်။ မေလင်၊ အိုင်းဇက်၊ အက်စတာ၊ နိုအာ ဆိုတဲ့ လူလေးယောက်ဟာ ရဲတိုက်ကိုရောက်တဲ့အချိန်မှာ ဗောလ်တာဆိုတဲ့ အိမ်တော်ထိန်းနဲ့အသီးသီးတွေ့ခဲ့ရပါတယ်။ ဖြစ်ချင်တော့ အားလုံးမှာ ကိုယ့်ရာဇဝင်နဲ့ကိုယ်ဆီရှိခဲ့ကြတာပါ။ မေလင်ဆိုတဲ့သူက တစ်ချိန်က သူ့သမီးကို သူပြန်သတ်ဖို့ကြိုးပမ်းခဲ့ဖူးတယ်၊ အိုင်းဇက်ဆိုတဲ့ ဆရာဝန်ဟာလည်း တစ်ချိန်တုန်းက လူနာကို ကျင့်ဝတ်နဲ့မညီဘဲ ဇီဝိန်ခြွေဖို့လုပ်ခဲ့ဖူးတယ်။ အက်စတာကလည်း အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ဖြစ်တဲ့ သောမတ်စ်ဆိုတဲ့လူနဲ့ ဖောက်ပြန်ခဲ့ဖူးတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တယ်။ နိုအာကလည်း တစ်ချိန်တုန်းက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတစ်ယောက်ကို နိုင်ထက်စီးနင်းပြုခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ လူမသိအောင် ရာဇဝတ်မှုပြုလုပ်ထားကြတဲ့ လူလေးယောက်ဟာ ရဲတိုက်ကိုရောက်ပြီးတဲ့နောက်မှာ ဗောလ်တာဆိုတဲ့ အိမ်တော်ထိန်းဆိုသူကနေတစ်ဆင့် ခြိမ်းခြောက်ခံလိုက်ရပါတယ်။ ကိုယ့်အပြစ်တွေကို လူသိရှင်ကြားအဖြစ်ခံမှာလား ဒါမှမဟုတ် သူတို့ထဲကဖော်ကောင်ကိုသတ်မလားဆိုပြီး ရွေးချယ်ဖို့ဖြစ်လာတဲ့အခါမှာတော့ လူတွေရဲ့ မောဟစိတ်ဆိုသလို မကောင်းတဲ့အနိဌာရုံတွေကို မုသာပေါ်အခြေခံပြီးလုပ်ဖို့ ဖြစ်လာပါတော့တယ်။ File size… (1.5 GB) / (710 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း