ဇာတ်ကားများ ရွေးရန်

The Escort Wife

2022ဇာတ်ကားအမှတ် 5.2/1068 မိနစ်

ပတ်ထရစ်ရှာဟာ တစ်ချိန်က သာယာတဲ့အိမ်ထောင်ရေး ရှိခဲ့ပေမယ့် ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ ခင်ပွန်းရဲ့ အေးစက်တဲ့ဆက်ဆံရေးနဲ့ လျစ်လျူရှုမှုတွေကို ရင်ဆိုင်နေရပါတယ်။ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ဒဏ်အပြင် အိမ်ကနေ အချိန်ကြာကြာ အလုပ်လုပ်နေရတာကြောင့်လည်း ငြီးငွေ့လာတယ်။ ညဘက်မှာ မှန်ဘီလူးနဲ့ ဟိုကြည့်ဒီကြည့် လုပ်ရင်း သူ့မီးဖိုချောင်နဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းက မိန်းမငယ်တစ်ယောက်ဆီ ညတိုင်း မတူတဲ့အမျိုးသားတွေ လာနေကြတာကို သတိထားမိသွားပါတယ်။ အဲဒီမြင်ကွင်းတွေကြောင့် ခင်ပွန်းရဲ့အယုအယနဲ့ ကင်းကွာနေတဲ့ သူ့မှာ လိင်ဆန္ဒတွေ ပြန်နိုးလာပေမယ့် ခင်ပွန်းနဲ့ ပြန်နီးစပ်ဖို့ ကြိုးစားသမျှ အရာမထင်ပါဘူး။ တစ်နေ့မှာတော့ သူချောင်းကြည့်နေကျ တိုက်ခန်းက မိန်းမငယ်ဆီ လာသူတွေထဲမှာ ကိုယ့်ခင်ပွန်းကိုပါ တွေ့လိုက်ရပါတယ်။ အဲဒီနောက် ပတ်ထရစ်ရှာဟာ ခင်ပွန်းကိုသာမက တခြားဖောက်ပြန်တဲ့ အမျိုးသားတွေကိုပါ ကလဲ့စားချေဖို့ အစီအစဉ်ချပါတော့တယ်။ ပထမခြေလှမ်းအနေနဲ့ သူကိုယ်တိုင် အခကြေးငွေယူ အဖော်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပတ်ထရစ်ရှာအဖြစ် Miss Philippines Earth 2019 ဆုရ Janelle Tee က သရုပ်ဆောင်ထားပြီး မျက်နှာချင်းဆိုင်တိုက်ခန်းက မိန်းမငယ်အဖြစ် Ava Mendez ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း