5 Centimeters per Second
ဒီကားလေးကတော့ Your Name ဒါရိုက်တာ Makoto Shinkai ရဲ့ အစောပိုင်း အနုပညာကာလမှာ ရိုက်ကူးခဲ့တဲ့ ကားကောင်းလေးဖြစ်ပါတယ်။ Makoto Shinkai ကို Anime ရုပ်ရှင်လောကရဲ့ Visual ဆရာတစ်ဆူအဖြစ်လည်း သိကြလိမ့်မယ်ထင်ပါတယ်။ သူ့အကျင့်လက်ရာအတိုင်း အချစ်ဦးအကြောင်းကို ပြန်လည်သတိရလွမ်းဆွတ်သွားစေရမယ့် ဂန္တဝင်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ Takaki ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုကို အပိုင်း ၃ ပိုင်းနဲ့ တင်ဆက်ထားတာပါ။ သူနဲ့ သူ့ရဲ့ ငယ်ချစ်ဦး Akari တို့ဟာ ငယ်စဉ်ကတည်းက အလွန်ရင်းနှီးခဲ့ကြပေမဲ့ မိသားစုအလုပ်အကိုင်တွေကြောင့် တစ်မြို့စီ ဝေးကွာသွားခဲ့ကြပါတယ်။ စာရေးဆက်သွယ်ရင်း ခင်မင်မှုကို ထိန်းသိမ်းခဲ့ကြပေမဲ့ အချိန်တွေကြာ နည်းပညာတွေ ပြောင်းလဲလာတာနဲ့အမျှ သူတို့ကြားက သံယောဇဉ်ဟာ ခိုင်မြဲနေဦးမှာလား... ဒါမှမဟုတ် ချယ်ရီပွင့်လေးတွေ မြေပြင်ပေါ်ကို တစ်စက္ကန့်မှာ ၅ စင်တီမီတာနှုန်းနဲ့ ကြွေကျသလိုပဲ သူတို့နှစ်ယောက်ဟာလည်း တဖြည်းဖြည်းနဲ့ သူစိမ်းတွေ ဖြစ်သွားကြမလား.. နှစ်ယောက်ပြန်ဆုံပြီး ပျော်ရွှင်စရာအဆုံးသတ်ကိုရသွားမှာလားဆိုတာကို အနုပညာဆန်ဆန်ပုံဖော်ထားတဲ့ Anime live-action ကားလေးတစ်ကားပါ။ "တစ်စက္ကန့်မှာ ၅ စင်တီမီတာ" ဆိုတာ ချယ်ရီပန်းပွင့်လေးတွေ သစ်ပင်ကနေ မြေပြင်ပေါ် ကြွေကျတဲ့ အရှိန်လေးပါတဲ့နော်....။
ဇာတ်လမ်းအကြောင်း