The Classified File
The Classified File (2015) IMDb Rating (6.6) ဒီတစ်ခေါက်မှာတော့ ၁၉၇၈ခုနှစ်က ဘူဆန်မြို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ရုပ်ရှင်ကားကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ်လည်း 1987: When the Day Comes မှာ အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Kim Yoon Seokနဲ့ မင်းသားကြီး Yoo Hae Jin တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ချမ်းသာတဲ့မိသားစုတစ်စုက အွန်းဂျူဆိုတဲ့ ကလေးမလေးဟာ ပြန်ပေးဆွဲခံလိုက်ရပေမဲ့ ရက်အတော်ကြာတဲ့အထိ ပြန်ပေးသမားဘက်က ဘာအဆက်အသွယ်မှမလုပ်လာတာကြောင့် စိုးရိမ်နေတဲ့ အွန်းဂျူရဲ့အမေနဲ့ အဒေါ်ဖြစ်သူတို့ဟာ နာမည်ကြီးဗေဒင်ဆရာတွေဆီမှာ သွားရောက်မေးမြန်းခဲ့ကြပါတယ်။ တခြားဗေဒင်ဆရာအားလုံးက ကလေးသေပြီလို့ ဟောကိန်းထုတ်နေချိန်မှာ ဗေဒင်ဆရာဂင်ဂျုံဆန်း (Yoo Hae Jin) တစ်ဦးတည်းကသာ ကလေးအသက်ရှင်နေသေးကြောင်း အခိုင်အမာပြောခဲ့ပြီး စုံထောက်ဂုံဂီယုံး (Kim Yoon Seok) က ကူညီမှသာ အောင်မြင်အဆင်ပြေမယ်လို့လည်း အကြံပြုခဲ့ပါတယ်။ အစပိုင်းမှာ စုံထောက်ဂုံဂီယုံးဟာ ဗေဒင်ဆရာရဲ့ စကားတွေကို မယုံကြည်ခဲ့ပေမဲ့ ကလေး ပျောက်ဆုံးပြီး ၁၅ရက်မြောက်နေ့မှာ ပြန်ပေးသမားဆီက ဆက်သွယ်လာမယ်ဆိုတဲ့ ဗေဒင်ဆရာရဲ့ ဟောကိန်းက အတိအကျ မှန်ကန်သွားတဲ့အခါမှာတော့..... စုံထောက်နဲ့ ဗေဒင်ဆရာတို့ပူးပေါင်းပြီး ကလေးမလေးကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ပါ့မလား... ပြန်ပေးသမားကရော ဘယ်သူဖြစ်မလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းပဲဖြစ်ပါတယ်။ File Size : 1.54GB/ 730MB Quality : NF WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr 48m Genre : Mystery, Crime, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း