Jauja
Jauja (2014) IMDb Rating (6.5) 2014 ခုနှစ်ထွက် ဒီရုပ်ရှင်လေးက ပုံမှန်ရုပ်ရှင်တွေနဲ့ မတူဘဲ ဇာတ်လမ်းဇာတ်အိမ်တွေကို ကြည့်ရှုရမဲ့အစား ဇာတ်လမ်းသွားထဲစီးမျောခံစားဖို့အတွက် အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်ကားနာမည်ထဲက Jauja ဆိုတာက မြေကြီးပေါ်က ကောင်းကင်ဘုံလို့ လူတွေသမုတ်ကြတဲ့ နေရာတစ်ခုပါ။ ၁၉ ရာစုနှောင်းပိုင်း အာဂျင်တီးနားနိုင်ငံရဲ့ လူသူမရှိတဲ့ လွင်တီးခေါင်ကန္တာရထဲကို ဒိန်းမတ်လူမျိုး စစ်တပ်အင်ဂျင်နီယာ ဗိုလ်ကြီးဒီနီဆန် နဲ့ သမီးတို့ တာဝန်တစ်ခုနဲ့ ရောက်နေကြပါတယ်။ တစ်ရက်မှာတော့ သမီးဖြစ်သူက စစ်သားတစ်ယောက်နဲ့ အတူတူပျောက်သွားတဲ့အတွက် သမီးကို လိုက်ရှာဖို့ ဗိုလ်ကြီးလည်း ကန္တာရထဲကို တစ်ဦးတည်း ထွက်လာခဲ့ပါတယ်။ ဗိုလ်ကြီး သွားရာလမ်းတလျှောက်မှာလည်း ကြမ်းတမ်းတဲ့ လွင်တီးခေါင်တွေ၊ တောတောင်တွေကို ကျော်ဖြတ်ခဲ့ရပြီးတော့ ခရီးစဥ်အဆုံးပိုင်းကိုရောက်လာတာနဲ့အမျှ ထူးဆန်းတဲ့ အချိန်စီးကြောင်း ပြောင်းလဲမှုတွေကိုပါ ကြုံလာရရင်းနဲ့ စိတ်ကူးယဥ်ဆန်တဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရပါတော့တယ်။ ဒီဇာတ်ကားကတော့ အပြန်အလှန်စကားပြောခန်းတွေ သိပ်မပါဘဲ လွင်တီးခေါင်ကန္တာရရဲ့ လေပြင်းတိုက်ခတ်သံတွေ၊ ကြမ်းတမ်းတဲ့မြေမျက်နှာသွင်ပြင်တွေကို ခံစားရင်းနဲ့ ကောင်းကင်ဘုံဆိုတဲ့ ပျော်ရွှင်မှုကို ရှာတွေ့နိုင်ဖို့တကယ်ပဲဖြစ်နိုင်ရဲ့လားဆိုတဲ့ အတွေးထဲမှာစီးမျောရင်း ကြည့်ရှုရမှာပါ။ File Size : 1.85GB Quality : BluRay 1080p 5.1CH Format…mp4 Duration…1hr 50m Genre : Western, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း