ဇာတ်ကားများ ရွေးရန်

State of Fear (Aka) Salve Geral: Irmandade

2026ဇာတ်ကားအမှတ် 5.7/10103 မိနစ်

State of Fear (2026) ဒီကားက မူရင်းနာမည် Salve Geral: Irmandade လို့ခေါ်ပြီး နာမည်ကြီး Netflix စီးရီး Brotherhood ရဲ့ Spin-off ရုပ်ရှင်အနေနဲ့ ထွက်လာတာပါ။ အရင်စီးရီးကို မကြည့်ဖူးရင်လည်း ဒီရုပ်ရှင်ကို သီးသန့်ကြည့်လို့ ရပါတယ်။ ဇာတ်လမ်းအကျဉ်း ဘရာဇီးနိုင်ငံ၊ ဆောပေါလိုမြို့ကြီးရဲ့ မြေအောက်လောကမှာ Irmandade (The Brotherhood) ဆိုတဲ့ ဂိုဏ်းကြီးက အရမ်းအရှိန်အဝါ ကြီးနေချိန်ပေါ့။ အဲဒီအချိန်မှာ ဂိုဏ်းခေါင်းဆောင် အက်ဆန် (Edson) ရဲ့ သမီးဖြစ်သူ အဲလိဆာ (Elisa) ကို အကျင့်ပျက်ရဲအချို့က ပြန်ပေးဆွဲသွားကြတယ်။ ဒီတော့ အဲလိဆာရဲ့ အဒေါ်ဖြစ်သူ ခရစ္စတီးနား (Cristina) က တူမဖြစ်သူကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။ ခရစ္စတီးနားက ရှေ့နေတစ်ယောက်ဖြစ်ပေမယ့် ဂိုဏ်းနဲ့လည်း ပတ်သက်နေသူပါ။ တူမကို ကယ်ဖို့ ကြိုးစားရင်းနဲ့ ဂိုဏ်းဘက်ကလည်း "State of Fear" လို့ခေါ်တဲ့ အမိန့်ကို ထုတ်လိုက်တယ်။ အဲဒါကတော့ တမြို့လုံးမှာရှိတဲ့ ရဲစခန်းတွေ၊ လုံခြုံရေးတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာပါပဲ။ ဒီလိုနဲ့ တမြို့လုံး ဗရုတ်သုက္ခတွေ ရောက်ပြီး ပစ်ကြခတ်ကြနဲ့ အခြေအနေတွေ ဆိုးလာတဲ့ကြားက ခရစ္စတီးနားတစ်ယောက် သူ့တူမကို ကယ်ထုတ်နိုင်မလား၊ တရားဥပဒေနဲ့ အကြမ်းဖက်မှုကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ Crime Thriller ကြိုက်တဲ့သူတွေ၊ မှုခင်းကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားသစ်လေးပါ။ File size… (1.9 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Drama Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း