ဇာတ်ကားများ ရွေးရန်

Tokyo MER: Nankai Mission

2025ဇာတ်ကားအမှတ် 7.4/10

Tokyo MER: Nankai Mission (2025) ဒီရုပ်ရှင်ကားကတော့ ပရိသတ်အသည်းစွဲ ဂျပန်ဆေးဘက်ဆိုင်ရာ အက်ရှင်ဒရာမာစီးရီးရဲ့ ဒုတိယမြောက် ရုပ်ရှင်လို့ ပြောစမှတ်ပြုထားပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Yôsuke Eguchi၊ Satoshi Hashimoto၊ Yuriko Ishida အပြင် အခြားသရုပ်ဆောင်များစွာနဲ့ ရင်တထိတ်ထိတ် စီးမျောခံစားရမယ့် ဆေးဘက်ဆိုင်ရာ Drama ကောင်းတစ်ပုဒ် ဖြစ်ပြီး ဂျပန်နိုင်ငံ ကျွန်းတွေနဲ့ ပင်လယ်ပြင်ရဲ့အလှ၊ ရိုးသားတဲ့ ကျွန်းသူကျွန်းတွေရဲ့စိတ်ရင်းအလှတွေအပြင် သဘာဝဘေးအန္တရာယ်ဖြစ်ချိန်မှာ လူသားတွေရဲ့ စိတ်ဇောအဟုန်များကို ကြက်သီးထဖွယ် စီးမျောခံစားနိုင်မယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တိုကျို MER အဖွဲ့က အဖွဲ့ခွဲ နဲန်ခါအိမစ်ရှင်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ကီတာမီနဲ့ အဖွဲ့ခေါင်းဆောင်အလျောင်းအလျာဖြစ်သူ ဒေါက်တာ မာကီအပါအဝင် ဆေးအဖွဲ့ဝင် ၆ ယောက် ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းစုလေးတွေဆီကို အရေးပေါ် ဆေးကုသပေးရေး အစမ်းကာလ ၆လအဖြစ် ထမ်းဆောင်ဖို့ စက်လှေပေါ်ကို ခွဲစိတ်ကုသရေး NK1 ယာဉ်ကို တင်ပြီး လှည့်လည်နေခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကာလ ၆ လ နီးပါး ဘာအရေးပေါ်ကုသမှုမှ မလုပ်ပေးရဘဲ ကျွန်းတွေဆီလှည့်ပတ်ကာ သာမန်ကျန်းမာရေးစစ်ဆေးရုံသာ လုပ်နေခဲ့ရပါတယ်။ ရည်မှန်းချက်တွေနဲ့ ကွဲလွဲနေတဲ့ နဲန်ခါအိ MER အဖွဲ့ရဲ့ ၆လပြည့်ဖို့ ရက်သတ္တပတ် ၇ ရက်အလို၊ အထက်မှလည်း ဒီအဖွဲ့ကိုဖျက်သိမ်းဖို့ ပြောလာကြချိန်မှာတော့ နဲန်ခါအိ MER အဖွဲ့ဟာ အရေးပေါ်ကုသရေးလုပ်ဖို့ ကြုံလာရတဲ့အပြင် တစ်ခါမှ မကြုံဖူးတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပါ ထပ်ပြီးရင်ဆိုင်လာရပါတော့တယ်။ နဲန်ခါအိ MER (၆)ယောက်အဖွဲ့က ကျွန်းသူကျွန်းသား ၇၉ ယောက်လုံးကို ကယ်တင်ပေးနိုင်ပါ့မလား... အသက်ဘေးက လွတ်မြောက်ကြပါ့မလားဆိုတာ...ရင်တထိတ်ထိတ်နဲ့ စီးမျောခံစားကြည့်လိုက်ရအောင်ပါ... File size…1.83GB / 891MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 55 min. Genre ….. Medical, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း