ဇာတ်ကားများ ရွေးရန်

Kokuho

2025ဇာတ်ကားအမှတ် 8.0/10174 မိနစ်

Kokuho (2025) ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဂျပန်နိုင်ငံ နာမည်ကြီးစာရေးဆရာ Yoshichi Akino ရဲ့ ဝတ္ထုရှည်ကို အခြေခံပြီး ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာဖြစ်တဲ့ Kabuki (ခါဘူကီ)ကို Cinematography နည်းနဲ့ အနုစိတ်ပုံဖော်ထားပါတယ်။ ဆုပေါင်း ၁၂ ခုထိ ရရှိထားတဲ့ ဒါရိုက်တာ Sang-il Lee ရဲ့လက်ရာဖြစ်တဲ့အပြင် နာမည်ကြီး မင်းသားတွေဖြစ်ကြတဲ့ yo Yoshizawa နဲ့ Ryunosuke Kamiki တို့နဲ့အတူ .. ပညာရပ်တစ်ခုမှာ ထိပ်ဆုံးကိုရောက်ဖို့ ကြိုးပမ်းအားထုတ်ရပုံကို ဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ယာကူဇာမျိုးရိုး တာချီဘာနာရဲ့သား ကီခုအိုဟာ အနုပညာကို ဝါသနာပါသူဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ .. နာမည်ကြီးမင်းသား ဟာနာအိ ဟန်ဂျီရိုဟာ သူတို့မြို့ဆီ လာရောက်ဖျော်ဖြေရင်း ကီခုအိုက ဂေရှားမယ်ပုံစံနဲ့ ဖျော်ဖြေတင်ဆက်ပြနေတာကို မြင်သွားပြီး အနုပညာပါရမီရှိသူတို့ သုံးသပ်ခဲ့ပါတယ်။ အဖေဖြစ်သူ လုပ်ကြံခံရပြီးနောက် မိဘမဲ့ဖြစ်သွားတဲ့ ကီခုအိုဟာ ဟန်ဂျီရိုဆီကို အရောက်သွားခဲ့ပါတယ်။ ဟန်ဂျီရိုက သူ့သား ရှူန်ဆုကဲ နဲ့ ရွယ်တူဖြစ်တဲ့ ကီခုအိုကို မွေးစားရင်း အကပညာရော အတန်းပညာပါ သင်ကြားပေးခဲ့တယ်။ ခါဘူကီ အနုပညာကို မျိုးရိုးစဉ်ဆက် အမွေဆက်ခံရမဲ့ ဟန်ဂျီရိုရဲ့သား ရှူန်ဆုကဲနဲ့ အနုပညာပါရမီ ပါလာသူ ကီခုအို၊ ဆရာတူ တပည့်နှစ်ယောက် ၁၀ စုနှစ်များစွာအကြာမှာ ဘယ်သူက နိုင်ငံဂုဏ်ဆောင်အနုပညာဘွဲ့ဂုဏ်ထူးကို ဆွတ်ခူးနိုင်မှာလဲ... ဒီဘွဲ့အတွက် ဘာတွေ ပေးဆပ်ရမလဲဆိုတာ...ဂျပန်နိင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို လေ့လာရင်း စီးမျောခံစားကြည့်လိုက်ရအောင်ပါ... File size…1.92GB / 855MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 55 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း