ဇာတ်ကားများ ရွေးရန်

Renoir

2025ဇာတ်ကားအမှတ် 7.5/10120 မိနစ်

Renoir (2025) ဒီရုံတင်ဇာတ်ကားသစ်လေးကတော့ ဂျပန် Drama ကြိုက်တဲ့ ပရိသတ်တွေအကြိုက် စီးမျောခံစားနိုင်တဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ကမ္ဘာကျော် ပန်းချီဆရာကြီး Renoir ရဲ့ လက်ရာတွေလိုမျိုး ဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြားထဲမှာ စိတ်အပန်းပြေစရာ အလှတရားကို ရှာဖွေတတ်စေမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဆုပေါင်း ၁၁ ဆုနဲ့ ဆန်ခါတင် ၂၀ ရထားတဲ့ ဒါရိုက်တာ Chie Hayakawa လက်ရာဖြစ်ပြီး ဒီရုပ်ရှင်ကားမှာ ဆန်ခါတင် ၈ ခု နဲ့ ဆုပေါင်း ၄ ဆု ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၈၇ ခုနှစ် တိုကျိုမြို့ရဲ့ လူနေမှုဘဝမှာ အသက် ၁၁ နှစ်အရွယ် ဖူကီလေးဟာ တခြားကလေးတွေနဲ့မတူ ထူးခြားဆန်းပြားတဲ့ စိတ်ကူးလေးတွေရှိပြီး စိတ်ခံစားချက် အရမ်းနုနယ်လွန်းသူလေးပါ။ ဒါပေမဲ့ သူ့ရဲ့ ကမ္ဘာလေးကတော့ သာယာမနေခဲ့ပါဘူး။ ကင်ဆာရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရတဲ့ အဖေရယ် အလုပ်ခွင်ထဲမှာ ရုန်းကန်ရင်း စိတ်ဖိစီးနေတဲ့ အမေတို့ကြောင့် သူဟာ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေထက် ဘဝရဲ့ ခါးသီးစရာတွေကို စတင်သိမြင်နေရသူလည်းဖြစ်ပါတယ်။ ဘဝတိုက်ပွဲ ကိုယ်စီ ဆင်နွှဲနေကြတဲ့ ခက်ခဲလှတဲ့ လောကကြီးမှာ ဖူကီလေးရော သူ့ဘဝသူ ဘယ်လိုကြိုးစားရင်ဆိုင်ဖြတ်သန်းမလဲဆိုတာကို မျှဝေခံစားကြည့်လိုက်ရအောင်ပါ... File size…1.91GB / 948MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 56 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း