ဇာတ်ကားများ ရွေးရန်

The Yards

2000ဇာတ်ကားအမှတ် 6.2/10115 မိနစ်

Leo ထောင်ကနေ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သူလိုချင်တာက လူတွေကြား ပြန်ဝင်ဆံ့ပြီး အလုပ်တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ဖို့ပါပဲ။ ဒါကြောင့် သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ် Frank ဦးစီးနေတဲ့ မီးရထားအပိုပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီမှာ အလုပ်ဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို လုပ်နိုင်ဖို့ သင်တန်းကျောင်းတက်ရဦးမှာဖြစ်ပြီး နှစ်အနည်းငယ် စောင့်ရနိုင်တယ်ဆိုတာ သိလိုက်ရတယ်။ မုဆိုးမဖြစ်နေတဲ့ အမေကို ပြန်ထောက်ပံ့ချင်တဲ့ Leo အတွက်တော့ ဝင်ငွေချက်ချင်းရဖို့ လိုနေပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်း Willie လုပ်နေတဲ့ အလုပ်ကို စိတ်ဝင်စားလာတယ်။ ကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အလုပ်လို့ အမည်တပ်ထားပေမယ့် အတွင်းမှာ မရှင်းမလင်းကိစ္စတွေ ရှိနေတယ်။ စောင့်ဆိုင်းသင်ယူရမယ့်အလုပ်ထက် ဒီအလုပ်ဘက်ကို စိတ်ယိုင်လာတဲ့ Leo က ဝင်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ လူတစ်ယောက်ရဲ့ ရွေးချယ်မှုတွေအပေါ် အခြေအနေတွေက ဘယ်လိုသက်ရောက်သလဲဆိုတာနဲ့ နိုင်ငံရေး၊ စီးပွားရေးလောကထဲက လောဘအကြောင်းကို ဇာတ်လမ်းမှာ တင်ပြထားပါတယ်။ Leo အဖြစ် Mark Wahlberg၊ Willie အဖြစ် Joaquin Phoenix နဲ့ Frank အဖြစ် James Caan တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း