ဇာတ်ကားများ ရွေးရန်

The Millennial

2022ဇာတ်ကား80 မိနစ်

Generation-Y မျိုးဆက်ဝင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ချက်ဒ်ကို အင်တာဗျူးနေတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို တင်ပြထားပါတယ်။ မာစတာဘွဲ့ရထားတဲ့ ချက်ဒ်ဟာ အလုပ်သင်ကာလပြီးတဲ့နောက် အလုပ်ခန့်ဖို့ အရွေးမခံရဘဲ အိမ်ကို စိတ်ပျက်လက်ပျက် ပြန်လာခဲ့ရတယ်။ သူ့အဖေကလည်း အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဆိုတော့ ကိုယ်အလုပ်မရခဲ့တာကို ပိုပြီး ခံစားနေရပါတယ်။ အိမ်ရောက်တော့ မိသားစုက သူအလုပ်ရပြီအထင်နဲ့ ဂုဏ်ပြုပါတီလုပ်ဖို့ စောင့်နေကြတယ်။ အဲဒီအခြေအနေမှာ ချက်ဒ်လည်း အမှန်အတိုင်း မပြောရက်တော့ဘူး။ ရှေ့ဆက် ဘာလုပ်ရမလဲ မသိဘဲ လမ်းပျောက်နေတုန်း ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ Instagram ပို့စ်ကို တွေ့လိုက်ရာက အတ္တလန်တာကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီခရီးကနေ ဘယ်လိုအတွေ့အကြုံတွေ ကြုံရမလဲ၊ လောကဓံကို ခံနိုင်ပါ့မလား၊ စိတ်ဓာတ်ကျပြီး လက်လျှော့မိမလားဆိုတဲ့ မေးခွန်းတွေနဲ့ သူ့ဘဝအကြောင်းကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း