ဇာတ်ကားများ ရွေးရန်

Anna Kiri

2025ဇာတ်ကားအမှတ် 8.0/1087 မိနစ်

Anna Kiri (2025) +++++++++ ဒီဇာတ်ကားလေးကတော့ IMDb 6/10 အထိ ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကို ကနေဒါနိုင်ငံ မွန့်ထရီရယ်မြို့ရဲ့ အမှောင်လောက မြေအောက်အဖွဲ့တွေကြားမှာ တည်ထားပြီးတော့ အန်နာ၊ ဗင်းဆင့်၊ မာကို နဲ့ စင်ဒီတို့ လူငယ်လေး ၄ ယောက်ရဲ့ ဒုစရိုက်ဘဝကို သဘာဝကျကျရိုက်ကူးထားတာပါ။ သူတို့ ၄ ယောက်က အသက်ရှင်ရေးအတွက် ခိုးဆိုးလုနှိုက်ရင်း ဘဝကိုဖြတ်သန်းနေကြသူတွေပါ။ ဒီဘဝကြီးထဲကနေ ရုန်းထွက်ချင်ပေမဲ့ အစ်ကိုဖြစ်သူဗင်းဆင့်ရဲ့ အရိပ်အောက်မှာမိနေတဲ့ အန်နာက ဘာမှမတတ်နိုင်ရှာပါဘူး။ စာရေးတာ ဝါသနာပါတဲ့ အန်နာက နေ့စဥ်ဘဝကြုံတွေ့ရသမျှတွေ၊ စိတ်ကူးတွေကို စာအုပ်လေးထဲမှာ ချရေးထားလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ပြေးရင်းလွှားရင်းနဲ့ပဲ အန်နာရဲ့ ဒိုင်ယာရီစာအုပ်လေးက ကျကျန်ခဲ့ပါတော့တယ်။ ကျကျန်ခဲ့တဲ့စာအုပ်ကို တက္ကသိုလ်တစ်ခုက စာပေဌာနက ဆရာတစ်ဦးက ဖတ်မိပြီးတော့ အန်နာ့ရဲ့ စာအရေးအသားကို သဘောကျတဲ့အတွက် ဝတ္ထုထုတ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အန်နာဟာ ဘဝသစ်ကိုလှမ်းဖို့ကြိုးစားပေမဲ့ အတိတ်က အရိပ်ဟောင်းတွေက လွှမ်းမိုးတဲ့အခါ ဘဝရဲ့ ကြီးမားတဲ့ အချိုးအကွေ့တွေကို ကြုံလာရပါပြီ။ ဒီဇာတ်ကားလေးက ပြင်သစ်စကားပြောဖြစ်ပေမဲ့ ကနေဒါနိုင်ငံမှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ပုံမှန်ဇာတ်ကားတွေနဲ့ ကွဲထွက်နေပြီး လမ်းဘေးဒုစရိုက်လောကရဲ့ ကြမ်းတမ်းတဲ့အလှတရားကို ပေါ်လွင်အောင် ဖော်ပြပေးနိုင်တဲ့အပြင် အနုပညာနဲ့ မြေအောက်အမှောင်လောက နှစ်ခုကို ဒွန်တွဲပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ဇာတ်သိမ်းအထိဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါပဲ။ File Size… (1.44GB) / (777MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 27m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း