ဇာတ်ကားများ ရွေးရန်

Mary Kom

2014ဇာတ်ကားအမှတ် 7.0/10122 မိနစ်

Mary Kom ဟာ အိန္ဒိယရဲ့ အမျိုးသမီးလက်ဝှေ့သမား မေရီကွန်းရဲ့ ဘဝကို အခြေခံထားပြီး ပရီယန်ကာချိုပရာက မေရီအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာ မေရီဟာ ရွာလေးတစ်ရွာက ဆတ်ဆတ်ထိမခံ ကျောင်းသူတစ်ယောက်ပါ။ ကျောင်းက ယောက်ျားလေးတွေနဲ့လည်း သူတင်ကိုယ်တင် ထိုးကြိတ်ရန်ဖြစ်တတ်တယ်။ တစ်နေ့ ရန်ဖြစ်ရင်း မြို့က လက်ဝှေ့ရုံထဲ ရောက်သွားရာက လက်ဝှေ့ပညာကို စသင်ဖြစ်ပါတယ်။ လက်ရဲဇက်ရဲရှိပြီး လက်ဝှေ့ကို စိတ်ဝင်စားတဲ့ မေရီက လက်ဝှေ့ရုံမှာ ထင်ရှားလာသလို ပြည်နယ်အဆင့် ပြိုင်ပွဲတွေအထိ တဖြည်းဖြည်း တက်လှမ်းလာတယ်။ မိသားစုရဲ့ စားဝတ်နေရေးကလည်း မပြေလည်တော့ တစ်ခါတလေ မြေဝိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ဝင်ထိုးတဲ့အထိ စွန့်စားတတ်ပါတယ်။ နိုင်ငံအဆင့်ကနေ အိုလံပစ်အဆင့်အထိ ရောက်လာတဲ့ သူ့ဘဝမှာ လက်ဝှေ့က အရေးကြီးတဲ့နေရာကို ယူထားတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက် သူ့ရဲ့ အားကစားတက်လမ်းနဲ့ အောင်မြင်မှုတွေ ဆုံးရှုံးရတော့မလို ဖြစ်လာပါတယ်။ အမြွှာကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်လာတဲ့ မေရီကို သူ့ခင်ပွန်းက လက်ဝှေ့ပြန်ထိုးနိုင်ဖို့ ကိုယ်ကျိုးစွန့်ပြီး ပံ့ပိုးပေးတယ်။ ကစားသမားဘဝ ခေတ္တပြတ်တောက်ခဲ့သူအနေနဲ့ ပြန်စဖို့က မလွယ်ကူဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြိုးစားရပါတယ်။

ဇာတ်လမ်းအကြောင်း