ဇာတ်ကားများ ရွေးရန်

Boy

2026ဇာတ်ကားအမှတ် 7.2/1091 မိနစ်

Boy (2026) IMDb Rating (7.2) The Uncanny Counter ထဲက Cho Byeong-Kyu နဲ့ Yoo In Soo၊ NMIXX အဖွဲ့ဝင်ဟောင်း JINI နဲ့ Seo In-Guk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဒီကားလေးကိုတော့ ဖိုဂူမြို့လို့ ခေါ်တွင်တဲ့ စိတ်ကူးယဉ်မြို့လေးကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ယူရိုဟန် (Cho Byeong-Kyu) နဲ့ ဂယိုဟန် (Yoo In Soo) တို့ ညီအစ်ကိုနှစ်ဦးကတော့ အဲဒီဖိုဂူမြို့လေးမှာ နေထိုင်နေကြပြီး "တက္ကဆက်ရေပူစမ်း"လို့ ခေါ်တဲ့ နေရာလေးကို စီမံအုပ်စိုးနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အထက်မှာ အာဏာချုပ်ကိုင်ထားတဲ့ ဆရာကြီးကတော့ ဦးထုပ်သည် (Seo In-Guk) ဆိုသူပါ။ တက္ကဆက်ရေပူစမ်းဆိုတကတောာ့ သွားစရာလမ်းပျောက်နေတဲ့ လူတွေ စုဝေးနေကြပြီး မူးယစ်ဆေး၊ လောင်းကစားစတဲ့ သာယာမှု စည်းစိမ်မျိုးစုံကို ခံစားနိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ ဆေးစွဲနေတဲ့ အမေဖြစ်သူနောက်ကို လိုက်ရင်း အီဂျယ်အင်း (JINI) ဆိုတဲ့ မိန်းကလေးက တက္ကဆက်ရေပူစမ်းဆီကို ရောက်ရှိလာပါတော့တယ်။ ဥပဒေကင်းမဲ့ပြီး စည်းစနစ်နဲ့ အကြမ်းဖက်မှုတွေသာ ရှိတဲ့ ဒီနေရာလေးမှာ ဂျယ်အင်းဆိုတဲ့ မိန်းကလေးရဲ့ နွေးထွေးတဲ့ ဂရုစိုက်ပေးမှုလေးတွေကြောင့် ရိုဟန်ရဲ့ ဘဝလေး ယိမ်းယိုင်စပြုလာပြီး စည်းစနစ်တွေကို စတင် ချိုးဖောက်မိတဲ့အခါမှာတော့... အဆုံးမှာ ရိုဟန်၊ ဂယိုဟန်၊ ဂျယ်အင်းတို့ သုံးဦးက ဒီငရဲခန်းနဲ့တူတဲ့ နေရာကနေ လွတ်မြောက်ပြီး ပျော်ရွှင်ခွင့်ရနိုင်မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File Size : 1.61GB/ 990MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr 31m Genre : Romance, Crime, Melodrama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း