ဇာတ်ကားများ ရွေးရန်

The Kingdom (aka) Le Royaume

2025ဇာတ်ကားအမှတ် 7.1/10111 မိနစ်

The Kingdom (2025) IMDb Rating (5.8) Le Royaume" (The Kingdom) ဟာ ၂၀၂၄ ခုနှစ်၊ Cannes Film Festival ရဲ့ Un Certain Regard ကဏ္ဍမှာ ပြသခဲ့ပြီး ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို တခဲနက်ရရှိထားတဲ့ပြင်သစ် Crime-Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မှုခင်းကားဆိုပေမဲ့ ဖခင်နဲ့ သမီးကြားက သံယောဇဉ်ကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းက ၁၉၉၅ ခုနှစ်၊ ပြင်သစ်နိုင်ငံရဲ့ Corsica ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ အသက် ၁၅ နှစ်အရွယ် ကောင်မလေးLesia ဟာသူမရဲ့ နွေရာသီကျောင်းပိတ်ရက်ကို သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေမှာ အေးအေးဆေးဆေး ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူစိမ်းတစ်ယောက် ရောက်လာပြီး သူမကို ဆိုင်ကယ်နဲ့ တောထဲက လျှို့ဝှက်အိမ်တစ်လုံးဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာ သူမ စောင့်ကြိုနေတာကတော့ Corsica ကျွန်းရဲ့ နာမည်ကြီး ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ သူမရဲ့ဖခင် Pierre-Paul ပါပဲ။ ကျွန်းပေါ်မှာ ဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုတွေ ပြင်းထန်နေပြီး သူမရဲ့ဖခင်ဟာလည်း ရန်သူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပါတယ်။ သမီးဖြစ်သူကို ဘေးကင်းရာမှာ ထားချင်တဲ့ ဖခင်နဲ့ ဖခင်ရဲ့ အန္တရာယ်များလှတဲ့ လောကအကြောင်းကို တဖြည်းဖြတ်သိလာရတဲ့ သမီးဖြစ်သူတို့ဟာ ပုန်းရှောင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပြန်လည်နားလည်ဖို့ ကြိုးစားကြပုံကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားပါတယ်။ File size… (1.7 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Thriller Duration…. 01:51:22 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း