ဇာတ်ကားများ ရွေးရန်

Kowloon Generic Romance

2025ဇာတ်ကားအမှတ် 8.5/10

Kowloon Generic Romance (2025) ဒီ ဂျပန်ရုပ်ရှင်ကားလေးကတော့ ဟောင်ကောင်က ကူလွန်းဆိုတဲ့နေရာလေးကို အခြေခံယူထားပြီး ထူးထူးခြားခြား ရှေးခေတ်ဟောင်ကောင်စတိုင်ကိုမှ Sci-fi ဆန်ဆန် ဆန်းသစ်ပြီး ပဟေဠိအပြည့်နဲ့ လျှို့ဝှက်ဆန်းကြယ်နိုင်လှတဲ့ Romance ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီကားလေးက Manga ကို ပြန်လည်ပုံဖော်ထားတာဖြစ်ပေမဲ့လည်း ၂၀၂၅ ခုနှစ်မှာတင် ဒီ ဇာတ်လမ်းကို Anime အဖြစ် စီးရီး ရိုက်ကူးထားတာလည်း ရှိပါတယ် (App မှာလည်း တင်ဆက်ပေးပြီးသားပါ)။ ဆိုတော့ ဒီရုပ်ရှင်က Anime လောက် ကျယ်ပြန့်တဲ့ဇာတ်လမ်းဇာတ်အိမ် မရှိသော်ငြား လူကားအနေနဲ့ ကြည့်ဖို့တော့ အဆင်ပြေနေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘယ်လိုပြောရမလဲဆိုရင် ရှေးခေတ်ဟောင်ကောင်စတိုင် နံရံပိတ်ရပ်ကွက်/မြို့ ကူလွန်းဆိုတာရှိတယ်။ ကောင်းကင်ယံမှာလည်း ဘာမှန်းသေချာမသိရတဲ့ Generic Terra ဆိုတဲ့ ဒြပ်ထုထည်ကြီးတစ်ခုက ရှိသေး (လူတွေရဲ့မှတ်ဉာဏ်ကို သိုလှောင်သိမ်းဆည်းနိုင်တဲ့အရာလို့တော့ ဆိုပါတယ်)။ ဇာတ်လမ်းက ဒီ ကူလွန်းဆိုတဲ့နေရာမှာ ကူဂျီရိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် အိမ်ခြံမြေပွဲစားလို ကုမ္ပဏီမှာလုပ်တယ် အထက်စီနီယာဘဲကြီး ဖြစ်တဲ့ ကူဒိုကို ကြိတ်ကြိုက်နေတယ်။ ဒါပေမဲ့လည်း အတူတူဒီလိုမျိုး ဖြတ်သန်းလာရင်း ပတ်ဝန်းကျင်မှာ ထူးထူးခြားခြားတွေ ကြုံတွေ့ဆုံလာရတဲ့အခါမှာ ကူဂျီရိုင်တစ်ယောက် အဖြေရှာရင်း ကောက်ရိုးပုံထဲက အပ်ပျောက်ရှာသလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်ဗျာ...။ ဂျပန်ရိုးရာထုံးစံအတိုင်း အချစ်ကားကို သာမန်နဲ့မတူအောင် ရိုက်ပြတာကို ကြည့်ရှုခံစားရဦးမှာပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း