ဇာတ်ကားများ ရွေးရန်

Brighter Days

2025ဇာတ်ကားအမှတ် 7.0/10111 မိနစ်

Brighter Days (2025) ဒီတစ်ခါမှာတော့ မင်းသမီးချောလေး Nagano Mei နဲ့ Yoshine Kyoko တို့ အဓိကပါဝင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အချိန်ခရီးသွား ဒရာမာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘဝရဲ့ မုန်တိုင်းတွေကို အတူတူဖြတ်ကျော်ရင်း အပြုံးတွေ ပြန်လည်ရှာဖွေပုံဖော်မယ့် သူနာပြုဆရာမလေး ဆာဟိုအကြောင်းကို စီးမျောခံစားကြည့်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း ၂၀၂၄ ခုနှစ်ရဲ့ သာယာလှတဲ့ နွေရာသီကာလ အထွေထွေရောဂါကုဆေးရုံက ဝါရင့်သူနာပြု တာကာဟာဆာဟိုဟာ သူ့အလုပ်အပေါ် အားမရ စိတ်ကုန်နေပြီး လူငယ်ခံစားချက်ပါ ပျောက်နေသူပါ။ ဆာအိုဟာ .. မေ့မျောနေတဲ့ ဂုဏ်ထူးဆောင်သူနာပြုချုပ်ဖြစ်သူ ယုခီနိုဆာအဲဆိုတဲ့ လူနာကို ပြုစုစောင့်ရှောက်နေသူလည်းဖြစ်ပါတယ်။ ဆာအဲဆီမှာ တစ်ယောက်တည်း ရင်ဖွင့်တတ်သူပေါ့။ တစ်ရက် သူရင်ဖွင့်နေချိန် ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်သွားခဲ့ရာ ဆာဟိုဟာ လူနာဆာအဲကို ကာကွယ်ပေးရင်းက သူကိုယ်တိုင် ထိခိုက်ကာ မေ့မျောသွားခဲ့ပါတယ်။ သတိပြန်ရလာချိန်မှာတော့ သူ့ကိုယ်ပေါ်မှာ ထူးဆန်းတဲ့အဝတ်အစားတွေ၊ ပတ်ဝန်းကျင်မှာလည်း တောတောင်သစ်ပင်တွေ၊ ဆာအဲဟု ဝိုင်းခေါ်ကာ စိတ်ပူနေကြတဲ့ အပေါက်ဆိုးဆိုးအမျိုးသမီးကြီးနဲ့ သဘောကောင်းတဲ့ စစ်ဝတ်စုံနဲ့ အမျိုးသားအပါအဝင် တခြားသူတွေကိုပါ တွေ့လိုက်ရပါတယ်။ သိပ်မကြာခင်မှာ ဆာဟိုဟာ အချိန်ခရီးသွားရင်း ဒုတိယကမ္ဘာစစ်ကာလ ဖိလစ်ပိုင်မှာ သူနာပြု လုပ်အားပေးနေတဲ့ ဆာအဲဆိုတဲ့ သူနာပြုမလေးနေရာကို ရောက်နေမှန်း သိသွားခဲ့ပါတယ်။ အတိတ်နဲ့ အနာဂတ်ကွာခြားချက်တွေကို ဆာဟို ဘယ်လိုရင်ဆိုင်သွားမှာလဲ... ဘာကြောင့် ဒီအတိတ်ကာလကို သူ ရောက်လာခဲ့ရတာလဲဆိုတာကတော့ ... File size…1.85GB / 907MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 41 min. Genre ….. Historical, Medical, Fantasy, War, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း