Good Will Hunting
သင်္ချာပညာရှင်တွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ ကြိုးစားရတဲ့ ပုစ္ဆာမျိုးကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းနိုင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ရှိပါတယ်။ ဉာဏ်ရည်ထူးချွန်ပေမယ့် မိဘမဲ့ဖြစ်တဲ့ ဒီကောင်လေးက သူငယ်ချင်းတွေနဲ့ သောက်စားပြီး ဘဝကို ရည်ရွယ်ချက်မရှိဘဲ ကြုံသလို ဖြတ်သန်းနေတယ်။ သူက ဂျစ်ကန်ကန်နေတတ်ပြီး ကိုယ့်စည်းကမ်းနဲ့ကိုယ် နေချင်သူပါ။ လူတစ်ယောက်အပေါ် သံယောဇဉ်တွယ်မိမှာကို ကြောက်သလို လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကိုလည်း မနှစ်သက်ဘူး။ ဒီလိုနေထိုင်နေတဲ့ သူ့ရဲ့ သင်္ချာအရည်အချင်းကို Fields Medal ဆုရ ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားပါတယ်။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Matt Damon နဲ့ Ben Affleck တို့က ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားထားပြီး အဲဒီဇာတ်ညွှန်းနဲ့ အကယ်ဒမီဆု ရခဲ့ကြပါတယ်။ Robin Williams ကလည်း အကယ်ဒမီဇာတ်ပို့ဆု ရရှိခဲ့တယ်။
ဇာတ်လမ်းအကြောင်း