ဇာတ်ကားများ ရွေးရန်

Liger

2022ဇာတ်ကားအမှတ် 4.8/10138 မိနစ်4K

ဗီဂျေးဒေဗရာကွန်ဒါက ဟင်ဒီဘာသာစကားပြော ရုပ်ရှင်ဘက်ကို စတင်ဝင်ရောက်လာတဲ့ ဒီဇာတ်ကားမှာ အာနန်ယားပန်ဒေးနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဗီဂျေး သရုပ်ဆောင်တဲ့ လူငယ်ဟာ စကားထစ်တတ်ပြီး ဆင်းရဲတဲ့မိသားစုက လာသူပါ။ အဖေဆုံးသွားတဲ့နောက် အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေး ဖွင့်ပြီး အသက်မွေးနေကြတယ်။ သားအမိနှစ်ယောက်ရဲ့ ရည်မှန်းချက်က ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ဆန္ဒအတိုင်း သူ့ကို MMA ချန်ပီယံတစ်ယောက် ဖြစ်လာစေဖို့ပါ။ အာနန်ယား သရုပ်ဆောင်တဲ့ မိန်းကလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ကိုယ်လုပ်ချင်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူ ဖြစ်ပါတယ်။ ဘဝအခြေအနေမတူတဲ့ ဒီနှစ်ယောက် ချစ်မိသွားတဲ့အခါ သူတို့ကြား ဘာတွေဖြစ်လာမလဲ။ တစ်ဖက်မှာလည်း လူငယ်လေးရဲ့ MMA ဖိုက်တာဖြစ်ချင်တဲ့ ဆန္ဒက ပြည့်လာပါ့မလားဆိုတာ ဆက်ကြည့်ရမှာပါ။ ဇာတ်လမ်းထဲမှာ ထိုးသတ်ယှဉ်ပြိုင်တဲ့ အခန်းတွေကိုလည်း များများ ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း