ဇာတ်ကားများ ရွေးရန်

This City Is a Battlefield

2025ဇာတ်ကားအမှတ် 7.1/10119 မိနစ်

This City Is a Battlefield (2025) IMDb Rating (6.4) ဇာတ်လမ်းကို ၁၉၄၆ ဒုတိယကမ္ဘာစစ်အပြီး ဂျကာတာမြို့မှာ အခြေတည်ထားတာဖြစ်ပါတယ်။ ဂျပန်တွေထွက်ခွာသွားပြီဆိုပေမယ့် နယ်ချဲ့ဒတ်ချ်တွေက အင်ဒိုနီးရှားကိုပြန်ပြီးသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ကာလပါ။ အီဆာက ကျောင်းဆရာတစ်ဦးဖြစ်ပေမယ့် တစ်ဖက်က တော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ စစ်အတွင်းကာလဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေကျောင်းကိုမလွှတ်ရဲကြတာကြောင့် ဝင်ငွေမရသလိုတစ်ဖက်အလုပ်ကလည်း ဝင်ငွေမရတဲ့အလုပ်ဖြစ်နေတော့ အီဆာဟာ အိမ်ထောင်ဦးစီးတာဝန်မကျေပွန်သလိုခံစားနေရပြီးစစ်အတွင်းရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ပန်းသေပန်းညှိုးရောဂါကိုခံစားနေရတဲ့ သူဟာ လင်ယောက်ျားတစ်ယောက်ရဲ့စွမ်းဆောင်ရည်အတွက်ပါ သောကရောက်နေရပါတယ်။ သူ့ဇနီးဖြစ်သူကတော့ သူ့အလုပ်အတွက်ဂုဏ်ယူပြီး သူ့ချို့ယွင်းချက်တွေကိုနားလည်ပေးပေမယ့် တစ်ခါတစ်လေတော့ သာမန်လူသားတစ်ယောက်ပီပီထွက်ပေါက်ရှာချင်တတ်ပါတယ်။ ဒီဇာတ်ကားမှာတော့အီဆာကိုအခြေတည်ထားပြီး ဖြစ်ပျက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့အခင်းအကျင်း၊ မြို့ပြပျောက်ကျားစစ်ပွဲရဲ့ရက်စက်မှုတွေ၊ ဒီအခြေအနေကနေလွတ်မြောက်မှုအတွက် ကြိုးစားအားထုတ်မှုတွေကိုရှုစားရမှာဖြစ်ပါတယ်။ (အင်ဒိုနီးရှား၊ စင်ကာပူ၊ နယ်သာလန်၊ ပြင်သစ်) အစရှိတဲ့နိုင်ငံတွေနဲ့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး Production Design၊ နောက်ခံတေးဂီတ၊ သရုပ်ဆောင်မှုတွေဟာ ထိပ်တန်းအဆင့်မှာရှိနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးတွေမှာ တင်ဆက်ပြသခဲ့တဲ့လက်ရာမြောက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအနေအထားအရ လင်မယားနှစ်ယောက်ကြားက အိပ်ခန်းတွင်းပြဿနာ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကိုအတွင်းကျကျဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါရှိပါတယ်။) File size… (1.6 GB) / (1.4 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History,Romance,War Duration…. 01:56:05 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း