ဇာတ်ကားများ ရွေးရန်

Disconnect

2013ဇာတ်ကားအမှတ် 7.1/10116 မိနစ်

ကျွန်တော်တို့ အခုနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ လူတွေဟာ အင်တာနက်ပေါ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း Connect ဖြစ်နေကြတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ တစ်ဦးနဲ့တစ်ဦး ပိုပြီးတော့တောင် ဝေးကွာ (Disconnect) နေကြပြီမလား? ဒီဇာတ်ကားဟာ နည်းပညာရဲ့ အမှောင်ဖက်ခြမ်းနဲ့ အဲဒီနောက်ကွယ်က လူမှုပတ်ဝန်းကျင်ရဲ့ နာကျင်စရာ အမှန်တရားတွေကို ခပ်စိမ်းစိမ်းလေး ရိုက်ပြထားတဲ့ လက်ရာတစ်ခုပါပဲ။ ဇာတ်လမ်းကတော့ ဆက်စပ်မှုမရှိသလိုနဲ့ တစ်ဖက်မှာလည်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတဲ့ အဓိက ဇာတ်ကြောင်း ၃ ခုကို အခြေခံထားပါတယ်။ အွန်လိုင်းပေါ်က Video Chat တွေမှာ ဝတ်လစ်စလစ် လုပ်စားနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ သူ့ကို သတင်းရယူဖို့ ကြိုးစားရင်း သံယောဇဉ်ဖြစ်သွားတဲ့ သတင်းထောက်မလေး။ ကျောင်းမှာ သူငယ်ချင်းတွေရဲ့ Cyberbully လုပ်တာကို ခံရပြီး စိတ်ဒဏ်ရာရသွားတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ နောင်တရနေတဲ့ ဖခင်။ အွန်လိုင်းပေါ်ကနေ ကိုယ်ရေးအချက်အလက် ခိုးယူခံရမှု ကြောင့် ငွေကြေးအားလုံး ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်။ ဒီလူတွေအားလုံးဟာ နည်းပညာရဲ့ သားကောင်တွေ ဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ ဘဝတွေ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်မလဲ ဒီပြဿနာတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ Quality.....Blu-Ray 1080p / 720p File Size.....(1.8 GB) / (860 GB) Duration.....01:56:00

ဇာတ်လမ်းအကြောင်း