ဇာတ်ကားများ ရွေးရန်

Rangga & Cinta

2025ဇာတ်ကားအမှတ် 6.8/10119 မိနစ်

Rangga & Cinta (2025) IMDb Rating (6.8) Rangga & Cinta (2025) ဟာအင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ရုပ်ရှင် Franchise တစ်ခု၊ ယဉ်ကျေးမှုမှတ်တိုင်တစ်ခုလည်းဖြစ်တဲ့ Ada Apa dengan Cinta? (AADC) Universe ရဲ့နောက်ဆုံးဇာတ်ကားဖြစ်ပြီး၊ နာမည်ကျော်မူရင်းဇာတ်ကားကို Musical ပုံစံ ခေတ်ပေါ်ကာလနောက်ခံ၊ ခေတ်ပေါ်သရုပ်ဆောင်လေးတွေနဲ့အသက်သွင်းထားတာ‌ဖြစ်ပါတယ်။ Rangga နဲ့ Cinta ဆိုတာလည်း အင်ဒိုနီးရှားနိုင်ငံရုပ်ရှင်လောကရဲ့အကျော်ကြားဆုံး အိုင်ကွန်းနစ်အဖြစ်ဆုံးရိုမီယိုနဲ့ဂျူလီယက်လို ဂန္ဓဝင်ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ချင်တာဟာ ကျောင်းမှာ အလှအပရော အရည်အချင်းကြောင့်ရော နာမည်ကျော်တဲ့‌ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်စုဖြစ်တဲ့ အယ်လ်လျာ၊ ကာမန်း၊ မော်ရာနဲ့မီလီ တို့ဟာ ညီအစ်မရင်းတွေလိုချစ်ခင်စည်းလုံးကြပါတယ်။ တစ်နေ့တော့ ကျောင်းရဲ့နှစ်ပတ်လည်ကဗျာပြိုင်ပွဲမှာချင်တာ ဆုမရခဲ့ပဲ ဘယ်သူမှ သိပ်မသိကြတဲ့ ရန်ဂါးဆိုတဲ့ ကျောင်းသားက ဆုရသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ ရန်ဂါးနဲ့ချင်တာတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကြည့်မရခဲ့ပေမယ့် တစ်စနဲ့တစ်စ နှလုံးသားချင်း နားလည်၊ သံယောဇဉ်တွေတွယ်လာချိန်မှာတော့ ချင်တာ တစ်ယောက် သူငယ်ချင်းတွေနဲ့ ရန်ဂါးတို့ကြား ဗျာများရတဲ့အဖြစ်တွေပေါ်လာပါတော့တယ်။ ရိုးရှင်းတဲ့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သီချင်းအမိုက်စားတွေ၊ ချစ်စရာလူငယ်သရုပ်ဆောင်လေးတွေနဲ့မြူးကြွသွက်လက်စွာတင်ဆက်ထားတာဖြစ်တဲ့အတွက် Musical ပရိသတ်တွေမြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size… (1.7 GB) / (980 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Music,Romance Duration…. 01:59:27 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း